ဆွစ်ဇာလန် အပန်းဖြေစခန်းတွင် နှင်းသည်းထန်စွာကျဆင်းပြီး ဧည့်သည်တသောင်းကျော် ပိတ်မိနေ

January 10, 2018

ဆွစ်ဇာလန် အပန်းဖြေစခန်းတွင် နှင်းသည်းထန်စွာကျဆင်းပြီး ဧည့်သည်တသောင်းကျော် ပိတ်မိနေ

ဆွစ်ဇလန်နိုင်ငံက ဇာမက် တောင်ပေါ်အပန်းဖြေစခန်းတခုမှာ ဇန်နဝါရီ ၉ ရက်နေ့က နှင်းတွေ သည်းထန်စွာကျဆင်းခဲ့ပြီး လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့လို့ လာရောက်လည်ပတ်တဲ့ ဧည့်သည် ၁၃၀၀၀ လောက် ပိတ်မိနေပါတယ်။ နှင်းတွေက တောင်ပေါ် စကိတ်လမ်း၊ လူသွားလမ်းနဲ့ တောင်ခြေမြို့လေးကို ပြန်ဆင်းတဲ့ မီးရထားလမ်းတွေ အားလုံးကို ဖုံးအုပ်သွားခဲ့လို့ ပိတ်မိနေတဲ့ ခရီးသွားတွေကို ရဟတ်ယာဉ်နဲ့ ကယ်ထုတ်ခဲ့ရပါတယ်။ မက်တာဟွန်တောင်ခြေက ကားကင်းမဲ့ရွာတခုကို သွားရောက်ဖို့ ကြိုးစားနေကြတဲ့ ခရီးသွားတွေကို ဇာမက် တောင်ပေါ်အပန်းဖြေစခန်းက ၃ မိုင်လောက် ကွာဝေးတဲ့နေရာကို ရဟတ်ယာဉ်တွေနဲ့ ပြောင်းရွှေ့ပေးခဲ့ရတဲ့အကြောင်း ရိုက်တာသတင်းဌာနမှာ ဖော်ပြပါရှိပါတယ်။ ဆောင်းရာသီဝင်ရောက်လာချိန်ဆို အီတလီနယ်စပ်က ဇာမက် အပါအဝင် တောင်တန်းဒေသတွေမှာ နှင်းပြိုကျမှု ဖြစ်ပွားနိုင်ခြေ အမြင့်ဆုံးဖြစ်တယ်လို့လည်း ဆွစ်ဇာလန် နှင်းနဲ့ နှင်းပြိုကျမှု အခြေအနေ လေ့လာရေးဌာနရဲ့အဆိုအရ သိရပါတယ်။
3 years Ago
Up