ဆွစ်ဇာလန် ကဖေးတခုတွင်

March 11, 2017

ဆွစ်ဇာလန် ကဖေးတခုတွင် အမျိုးသား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်၊ ၂ ဦး သေဆုံး

ဆွစ်ဇာလန်နိုင်ငံ အနောက်မြောက်ပိုင်း ဘာဆယ်လ်မြို့က ဒေသခံတွေဟာ မတ် ၉ ရက်နေ့ ကဖေးဆိုင် လူသတ်မှုကြောင့် ထိတ်လန့်နေကြပါတယ်။ ဒေသစံတော်ချိန် ည ၈ နာရီ ၁၅ မိနစ်လောက်မှာ အမျိုးသား ၂ ဦးက Cafe 56 ထဲကို ဝင်လာပြီး သေနတ်နဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့လို့ လူ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရပါတယ်။ တိုက်ခိုက်သူတွေဟာ ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားလို့ စုံစမ်း စစ်ဆေးတာတွေ လုပ်နေတယ်လို့ ရဲက ကြေညာချက် ထုတ်ပြန်ပါတယ်။ တိုက်ခိုက်သူတွေ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တာကြောင့် မြို့ခံတွေ တုန်လှုပ်ချောက်ချား နေကြတာကြောင့် မြို့အတွက် မကောင်းဘူးကြောင်း ဒေသခံတဦးက ပြောပါတယ်။ သေဆုံး ဒဏ်ရာရသူ ၃ ဦးစလုံးဟာ အယ်လ်ဘာနီးယန်း လူမျိုးတွေပါ။ အရှေ့ ဥရောပက လာတာ ဖြစ်နိုင်တဲ့ အသက် ၃၀ နဲ့ ၄၀ ကြား သံသယရှိသူ ၂ ဦးကို ရဲတွေက ရှာနေပါတယ်။
5 years Ago
Up