ဆွစ်ဇာလန်နိုင်ငံတွင် ကမ္ဘာ့အရှည်ဆုံးနှင့် အနက်ရှိုင်းဆုံးမီးရထား ဥမင်တည်ဆောက်

A d v e r t i s e m e n t With Us

May 22, 2016

ဆွစ်ဇာလန်နိုင်ငံတွင် ကမ္ဘာ့အရှည်ဆုံးနှင့် အနက်ရှိုင်းဆုံးမီးရထား ဥမင်တည်ဆောက်

ဆွစ်ဇာလန်နိုင်ငံမှာတည်ရှိတဲ့ မြေအောက်အနက်ပေ ၇၅၀၀ ကျော်မှာ တူးဖော် ဖောက်လုပ်ထားတဲ့ သည်ဂေါ့သာ့ဒ်ဘေ့စ်တန်နယ်လ်(ဂျီဘီတီ) ကို လွန်ခဲ့တဲ့ ၁၇ နှစ်တာ ကာလတည်းက အကောင်အထည်ဖော်ခဲ့ပြီးနောက်မှာတော့ ကမ္ဘာ့အရှည်လျားဆုံးနဲ့ အနက်ရှိုင်းဆုံး မြေအောက်ရထား ဥမင်လိုဏ်ခေါင်းတခုဖြစ်လာခဲ့တယ်လို့ အန်ဘီစီသတင်း တပုဒ်မှာ ဖော်ပြပါတယ်။ ဒီဥမင်လိုဏ်ခေါင်းတည်ဆောက်မှုအတွက် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကုန် ကျခဲ့တာဖြစ်ပြီး ဥရောပနိုင်ငံတွေအကြား ခရီးကြာမြင့်ချိန်ကို လျှော့ချပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းရဲ့ ပဏာမအရှည် ၃၅ ဒဿမ ၅ မိုင်အကွာအဝေးရှိတဲ့ မြေအောက်ဥမင် ဖွင့်ပွဲ အခမ်းအနားအောင်မြင်မှုအဖြစ် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကဲလ်၊ ပြင်သစ် သမ္မတ ဖရောင်ဆွာဟော်လန်ဒေးနဲ့ အီတလီ ၀န်ကြီးချုပ် မက်တီယို ရန်ဇီတို့ဟာ လာမယ့်ဇွန်လ ၁ ရက်နေ့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ရထားတွေနဲ့ စမ်းသပ်ပြေးဆွဲတာတွေကိုတော့ ရက်ပိုင်းအတွင်းမှာပဲ ပြုလုပ်သွား မှာဖြစ်ပြီး လာမယ့်ဒီဇင်ဘာလမှာ ၀န်ဆောင်မှုတွေပေးသွားနိုင်မယ်လို့ ဆိုပါတယ်။ “ဒါဟာ အံ့မခန်းစီမံကိန်းတခုပါပဲ။ တကယ့်ကိုကြီးမားတဲ့ အောင်မြင်မှုတခုပါပဲ”လို့ လက်ရှိမှာ ဗြိတိန်အခြေစိုက်ဘူမိအင်ဂျင်နီယာမဂ္ဂဇင်းတစောင်ရဲ့ အယ်ဒီတာတဦးဖြစ်တဲ့ ဘူမိသိပ္ပံအင်ဂျင်နီယာ ကလယ်ရာစမစ်က ပြောပါတယ်။ ခံနိုင်ဝန်အားနဲ့ စွမ်းဆောင်ရည်ကို တိုင်းတာတွက်ချက်ကာ တည်ဆောက်ထားတဲ့ ဒီဥမင်လိုဏ်ခေါင်းဟာ အဲ့လ်တောင်တန်းရဲ့အောက်ခြေမှတဆင့် ကား၊ ရထားနဲ့ ကုန် တင်ယာဉ်တွေကို အချိန်တိုအတွင်းသွားလာရလွယ်ကူစေလိမ့်မယ်လို့ ဆိုပါတယ်။
5 years Ago
Up