ဆွစ်ဇာလန်ကို ၂ ဂိုးပြတ်နိုင်ပြီး ပေါ်တူဂီ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်

October 11, 2017

ဆွစ်ဇာလန်ကို ၂ ဂိုးပြတ်နိုင်ပြီး ပေါ်တူဂီ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင် (ရုပ်သံဟိုက်လိုက်)

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် အုပ်စုဘီ နောက်ဆုံးပွဲစဉ်အဖြစ် ပေါ်တူဂီနဲ့ ဆွစ်ဇာလန်တို့ မနေ့ညက ယှဉ်ပြိုင်ရာ ပေါ်တူဂီက ၂ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသွားပါတယ်။ ဒီပွဲအနိုင်ရမှ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ တိုက်ရိုက် ခြေစစ်ပွဲအောင်မှာ ဖြစ်တဲ့အတွက် ပေါ်တူဂီအသင်းဟာ တိုက်စစ်မှူး ရော်နယ်ဒို အပါအဝင် အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲချိန် ၄၁ မိနစ်မှာ ဆွစ်ဇာလန် ကစားသမားတဦး ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ပေါ်တူဂီ အဖွင့်ဂိုးရခဲ့ပြီး ပထမပိုင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ ဆွစ်ဇာလန်အသင်းအပေါ် အနည်းငယ် အသာရခဲ့ပါတယ်။ ပွဲချိန် ဒုတိယပိုင်းမှာ ဆွစ်ဇာလန် ချေပဂိုးသွင်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ပေါ်တူဂီကပဲ ဒုတိယဂိုးထပ်သွင်းနိုင်ခဲ့တာပါ။ ဒီဂိုးကိုတော့ ပွဲချိန် ၅၇ မိနစ်မှာ ဆေးလ်ဗားက သွင်းယူပေးခဲ့ပါတယ်။ ယူရို ၂၀၁၆ ချန်ပီယံလည်းဖြစ်တဲ့ ပေါ်တူဂီအသင်းဟာ ဒီပွဲအနိုင်ရပြီး တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်တဲ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ်ဆက် ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။
4 years Ago
Up