ဆွစ်ဇာလန်

June 10, 2019

အင်္ဂလန်က ဆွစ်ဇာလန်ကိုနိုင်ပြီး နေးရှင်းလိဂ် တတိယနေရာ ဆွတ်ခူး (ရုပ်သံ)

နေးရှင်းလိဂ် တတိယနေရာလုပွဲအဖြစ် အင်္ဂလန်နဲ့ ဆွစ်ဇာလန်တို့ မနေ့ညက ယှဉ်ပြိုင်ရာ အင်္ဂလန်က ပယ်နယ်တီအဆုံးအဖြတ် ၆ ဂိုး ၅ ဂိုးနဲ့နိုင်ပြီး တတိယနေရာ ရသွားပါတယ်။ အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်မှာ နယ်သာလန်ကို ရှုံးခဲ့သလို ဆွစ်ဇာလန်ကလည်း ပေါ်တူဂီကို ရှုံးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲနဲ့ဝေးပြီး တတိယနေရာလုပွဲ ကစားကြရတာပါ။ အင်္ဂလန်အသင်းမှာ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်း ပြန်ပါလာသလို စတာလင်၊ အယ်လီ၊ လင်ဂတ်၊ ဒိုင်ယာ၊ ဒက်ဖ်၊ မက်ဂွိုင်းယား စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပြီး ဆွစ်ဇာလန်မှာလည်း ရှာကွီရီ၊ ရိုဒရီဂွက်ဇ်၊ ရှာခါတို့နဲ့ လူစုံ ပါဝင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းရာမှာပါ အသာရခဲ့ပေမယ့် တိုက်စစ်မှူးတွေရဲ့ ကန်သွင်းချက် တိုင်ထိထွက်တာ၊ လွဲချော်တာတွေကြောင့် နစ်နာခဲ့ရပါတယ်။ သာမန်ပွဲကစားချိန် မိနစ် ၉၀ အထိ ဂိုးမရှိသရေကျနေပြီး အချိန်ပို မိနစ် ၃၀ ဆက်ကစားရာမှာလည်း ဂိုးမသွင်းနိုင်လို့ ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရပါတယ်။ ပယ်နယ်တီကန်သွင်းရာမှာ ပထမငါးလုံးကို နှစ်သင်းစလုံး အကုန်ဝင်အောင် ကန်သွင်းနိုင်လို့ နောက်ထပ် တလုံးစီ ထပ်ကန်ရမှာတော့ အင်္ဂလန်ဘက်က ဂိုးဝင်ခဲ့ပေမယ့် ဆွစ်ဇာလန်ကစားသမားရဲ့ ကန်သွင်းချက်ကို အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ် ကာကွယ်နိုင်ခဲ့တာကြောင့် အင်္ဂလန်က ၆ ဂိုး ၅ ဂိုးနဲ့နိုင်ပြီး တတိယဆု ဆွတ်ခူးသွားတာ ဖြစ်ပါတယ်။
3 years Ago

June 6, 2019

ရော်နယ်ဒို၏ ဟက်ထရစ်ဂိုးဖြင့် ပေါ်တူဂီက ဆွစ်ဇာလန်ကိုနိုင်ပြီး နေးရှင်းလိဂ် ဗိုလ်လုပွဲတက် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပေါ်တူဂီက တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ ဆွစ်ဇာလန်ကို အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ပေါ်တူဂီအတွက် ဦးဆောင်ဂိုးကို ၂၅ မိနစ်မှာ စီရော်နယ်ဒိုက ဖရီးကစ်ကနေ လှလှပပ သွင်းယူပါတယ်။ ဆွစ်ဇာလန်အတွက် ချေပဂိုးကို ၅၇ မိနစ်မှာ ပယ်နယ်တီကနေ ရော်ဒီဂတ်စ်က သွင်းယူပါတယ်။ ဒီပွဲမှာ ဆွစ်ဇာလန်က ဘောလုံးပိုင်ဆိုင်မှု နည်းနည်းသာပေမယ့် ဂိုးပေါက် ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ တဂိုးစီသရေနဲ့ အဆုံးသတ်တော့မလို ဖြစ်နေတုန်း ၈၈ မိနစ်မှာ ဒုတိယဂိုးကို တောင်ပံက ပေးပို့မှုကနေ ရော်နယ်ဒိုက မနားတမ်း ပိတ်ယူပါတယ်။ တတိယဂိုးကိုလည်း မိနစ် ၉၀ မှာ ရော်နယ်ဒိုက တဖက်နောက်တန်းကို လိမ်ခေါက်ပြီး သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ပေါ်တူဂီက နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
3 years Ago
More News
Up