ဆံပင်များကို မီးရှို့ပြီး ပုံသွင်းညှပ်ပေးသည့် ဆံသနည်း ခေတ်စားနေ

February 13, 2017

ဆံပင်များကို မီးရှို့ပြီး ပုံသွင်းညှပ်ပေးသည့် ဆံသနည်း ခေတ်စားနေ (ရုပ်သံ)

အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ပါလက်စတိုင်းနိုင်ငံတွေမှာ ပုံစံသစ်တခုအနေနဲ့ ဆံပင်ကို မီးရှို့ပြီး ညှပ်ပေးတဲ့နည်းဟာ နာမည်ကြီးနေတဲ့ ဆံသနည်းအဖြစ် ခေတ်စားနေပါတယ်။ ဒီ ထူးခြားတဲ့ဆံသနည်းကို ရုရှားရုပ်မြင်သံကြားသတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဖော်ပြထားခဲ့တာပါ။ ဒါဟာ ဂါဇာတောင်ပိုင်း၊ ရာဖာ ဒုက္ခသည်စခန်းမှ ဆံသဆရာတဦးဖြစ်တဲ့ ရာမဒန် အက်ဒ်ဝမ်က စတင်စမ်းသပ် ညှပ်ပြခဲ့တာဖြစ်ပြီး သူ့ရဲ့ဖောက်သည်တွေကို ဆံပင်မီးရှို့ညှပ်တဲ့နည်းနဲ့ သရုပ်ပြ ပုံသွင်းပြခဲ့တာကို တွေ့ရပါတယ်။ “ခုလိုညှပ်တဲ့နည်းက အကျိုးကျးဇူး အများကြီးရှိပါတယ်။ ဒါဟာ သွေးလှည့်ပတ်မှုကိုလည်း ကောင်းလာစေပါတယ်” လို့ သူက ရှင်းပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဆံသဆရာက ဆံပင်ညှပ်သူတွေရဲ့ ဆံပင်တွေကို မီးရှို့ပြီး ဆံပင်ပုံအမျိုးမျိုး သွင်းပေးနေတာ၊ ဆံပင်ဖြောင့်ပေးနေတာတွေကို တွေ့ရမှာပါ။ ဆိုင်အထဲမှာလည်း ဒီ ထူးခြားလှတဲ့ ဆံပင်ညှပ်နည်းကို ညှပ်ဖို့ ဆံပင်ညှပ်သူတွေ အများကြီး ထိုင်စောင့်နေကြရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up