မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွီရိုဟာ မန်ချက်စတာဒါဘီပွဲမတိုင်ခင် အံ့အားသင့်ဖွယ် ဆံပင်ဒီဇိုင်းအား ပရိသတ်တွေကို ထုတ်ဖော်ပြသလိုက်ပါတယ်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ အဂွီရိုဟာ ကစားသမားသက်တမ်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ဆံပင်ကို မီးခိုးရောင်ဆိုးခဲ့တာလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ဟာ သူ့ဆံပင်ပုံစံသစ်အတွက် ဒီဇိုင်နာ အဲလန်ဘီခ့် နဲ့ ဂျော်ဂျီမန်သားစ်တို့ကိုလည်း ကျေးဇူးတင်စကား ဆိုသွားခဲ့ပါသေးတယ်။
မန်စီးတီးတိုက်စစ်မှူးဟာ အရေးပါတဲ့ မန်ချက်စတာဒါဘီမှာ ဂိုးသွင်းယူနိုင်ဖို့ မျှော်လင့်ပြီးတော့ လိဂ်သွင်းဂိုး အများဆုံးဖြစ်နေတဲ့ အူဘာမီယန်းနဲ့ ဟာဇက်တို့ကို ယှဉ်နိုင်ဖို့ မျှော်လင့်နေပါတယ်။
မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ ၁၂ ဂိုးအထိ သွင်းယူထားပြီး ဆောက်သမ်တန်အသင်းကို ၆ ဂိုးနဲ့ ရှက်တာဒိုးနက်အသင်းကို ၆ ဂိုး သွင်းယူထားခဲ့တာပါ။
အဂွီရိုကတော့ ပရီးမီးယားလိဂ်မှာ ၇ ဂိုးနဲ့ ချန်ပီယံလိဂ်မှာ ၂ ဂိုး သွင်းယူထားခဲ့ပါတယ်။ အဂွီရိုဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ၁ဝ ကြိမ်မှာ ၇ ဂိုး သွင်းယူထားနိုင်သူဖြစ်တာကြောင့် ၁၇၇ ကြိမ်မြောက် တွေ့ဆုံတဲ့ မန်ချက်စတာဒါဘီမှာ သူ့အနေနဲ့ ဂိုးထပ်မံသွင်းယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
2 years Ago