ဆံပင်ညှပ်ပုံ

A d v e r t i s e m e n t With Us

January 21, 2017

ဆံပင်ညှပ်ပုံ မှားညှပ်မိသဖြင့် ထိုင်းဆံသဆရာ အသတ်ခံရ

ဆံပင်လာညှပ်သူကို ဆံပင်ညှပ်ပြီးနောက် ဆံပင်ပုံအပေါ် အကြီးအကျယ်စကားများကြရာကနေ ဆံသဆရာ သတ်ခံလိုက်ရတယ်လို့ ဘန်ကောက်ပို့စ်ရဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံ မူရန်ခရိုင် ချုံဘူရီဒေသရှိ ဆံပင်ညှပ်ဆိုင်ပိုင်ရှင် မနွန်းဝန်ချန်းကို ဇန်နဝါရီ ၁၈ ရက်နေ့က သတ်မှုနဲ့ အမည်မဖော်ပြထားတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကို ရဲက ဖမ်းလိုက်ပါတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့က ဆံသဆရာမနွန်းကို တုတ်နဲ့ရိုက်တယ်၊ ဆံပင်ညှပ်ဆိုင်ရှေ့က ကျောက်တုံးနဲ့ ထုခဲ့ကြောင်း လူငယ်က ဝန်ခံခဲ့တယ်လို့ ဟူရာလော်ရဲဌာနမှ ရဲအရာရှိတစ်ဦးဖြစ်သူ ပရာဆာ့တ်တိုဆက်က်ဆစ်တ်က ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ပြောလိုက်တာပါ။ ဇန်နဝါရီ ၁၇ ရက်နေ့က ဆံသဆိုင်ကို သွားခဲ့ကြောင်း၊ ဆံသဆရာမနွန်းကို လူငယ်ရဲ့အကြိုက်ဆုံး ဆံပင်ပုံစံ ညှပ်ပေးဖို့ ပြောခဲ့ကြောင်း၊ ဒါပေမယ့် ဆံသဆရာ ဆံပင်ညှပ်ပြီးနောက် ထွက်လာတဲ့ပုံကို လူငယ်မှ မကြိုက်လို့ ဆံသဆရာနဲ့ စကားများခဲ့ကြောင်း လူငယ်က ထွက်ဆိုခဲ့ပါတယ်။ ဆံသဆရာ မနွန်းက ဒေါသထွက်ပြီး လူငယ်ကို ဆိုင်အပြင်သို့ ကန်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ နောက်တစ်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်မှာ လူငယ်က “ပြဿနာရှင်းဖို့” ဆံသဆရာ ဆိုင်အပြင်ထွက်လာခဲ့ရန် ခေါ်ခဲ့တယ်လို့ ရဲအရာအရှိ ပရာဆာ့တ်ရဲ့အဆိုအရ သိရပါတယ်။ ဆံသဆရာမနွန်း ထွက်လာတဲ့အချိန်မှာ လူငယ်က တုတ်နဲ့ရိုက်ပြီး ထွက်သွားတာပါ။ ဆံသဆရာမနွန်းကို ချုံဘူရီဆေးရုံသို့ ပို့ဆောင်ပေမယ့် ရရှိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဒေးလီးနယူးစ်အွန်လိုင်းသတင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဆံသဆရာမနွန်းက လူငယ်ရဲ့ဆံပင်ကို စတင်ညှပ်ချိန်မှာ လူငယ် အိပ်ပျော်သွားတယ်လို့လည်း သိရပါတယ်။ ဆံသဆရာကို သတ်တယ်လို့ သံသယရှိသူ လူငယ်ကို ရာဇဝတ်မှုအတွက် အချက်အလက်ယူရန် ဇန်နဝါရီ ၁၉ ရက်နေ့က ဆံသဆိုင်မှာ ပြန်လည်သရုပ်ပြဖို့ ရဲက ခေါ်သွားခဲ့တယ်၊ လူငယ်က လက်ရှိအချိန်မှာ လူသတ်မှုနဲ့ တရားရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
4 years Ago
Up