ဆဲ​ဗင်းဇူလိုင်​​​ အောက်​​မေ့ဖွယ်​အခမ်းအနား ​ဗိုလ်​​အောင်​​ကျော်​အုတ်​ဂူ​ရှေ့တွင် ပြုလုပ်

A d v e r t i s e m e n t With Us

July 7, 2019

ဆဲ​ဗင်းဇူလိုင်​​​ အောက်​​မေ့ဖွယ်​အခမ်းအနား ​ဗိုလ်​​အောင်​​ကျော်​အုတ်​ဂူ​ရှေ့တွင် ပြုလုပ်

၅၇ နှစ်​​မြောက်​ ဆဲ​ဗင်းဇူလိုင်​​​အောက်​​မေ့ဖွယ်​အခမ်းအနားကို တက္ကသိုလ်​​ကျောင်းသားများ သမဂ္ဂအဖွဲ့​တွေ စု​ပေါင်းပြီး ​ရန်​ကုန်​တက္ကသိုလ်​ထဲက ​ဗိုလ်​​အောင်​​ကျော်​အုတ်​ဂူ​ရှေ့မှာ ဒီနေ့ ပြုလုပ်​ခဲ့ကြ ပါတယ်​။  ၁၉၆၂ ခုနှစ်​တုန်းက ​ဗိုလ်​​နေဝင်းဦး​ဆောင်​တဲ့ ​စစ်​တပ်​ဟာ ​ကျောင်းသား​ပြည်​သူ​တွေအ​ပေါ် ကျူးလွန်​ခဲ့တာ​တွေအတွက်​ တာဝန်ရှိသူ​တွေက ပြန်​​တောင်းပန်​ဖို့နဲ့ အခုချိန်​မှာ ဖမ်းဆီးခံထားရတဲ့ ​ကျောင်းသား​တွေကို ပြန်​လွှတ်​​ပေးဖို့ကို တက္ကသိုလ်​​ကျောင်းသားများသမဂ္ဂအဖွဲ့​တွေက ​တောင်း​ဆို လိုက်​ပါတယ်​။  အခု​ အောက်​​မေ့ဖွယ်​အခမ်းအနားကို တက္ကသိုလ်​​ကျောင်းသားများသမဂ္ဂအဖွဲ့​တွေ စု​ပေါင်းပြီး တံတားဖြူက​နေ ရန်​ကုန်​တက္ကသိုလ်​ဝင်းထဲက ​ဗိုလ်​​အောင်​​ကျော်​အုတ်​ဂူအထိ ချီတက်​ကြပြီး ဂါရဝါပြု က​ဗျာ​တွေ ရွတ်​ဆိုခဲ့ကြပါတယ်​။ သတင်း၊ ဓာတ်​ပုံ - စုစု
2 years Ago
Up