မန်ယူနဲ့ လီဗာပူးအသင်းတွေက ခေါ်ယူလိုနေတဲ့ ဆဲလ်ဘက်တိုက်စစ်မှူး ဒါကာကတော့ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ကစားချင်တယ်လို့ ပြောပါတယ်။
ဇမ်ဘီယာတိုက်စစ်မှူး ပက်စတန်ဒါကာဟာ သြစတြီးယားလိဂ်မှာ ခြေစွမ်းပြနေပြီး ၁၇ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူထားသူပါ။
တိုက်စစ်မှူး ဒါကာဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက စပါးအသင်းကို ပေါင် ၂၈ သန်းနဲ့ ပြောင်းရွှေ့ဖို့နီးစပ်ခဲ့ဖူးပါတယ်။
ပရီးမီးယားလိဂ်က အာဖရိကန်ကစားသမားတွေဖြစ်တဲ့ အူဘာမီယန်း၊ ဆာလာနဲ့မာနေး တို့ကို အားကျပြီး တချိန်မှာ လာရောက်ကစားချင်တဲ့ အိပ်မက်ရှိတယ်လို့ ဒါကာက ပြောပါတယ်။
အဲဒီလို အကောင်းဆုံး အာဖရိကန်ကစားသမားတွေနဲ့ နှိုင်းယှဉ်ချီးကျူးခံရတာကိုလည်း ဝမ်းမြောက်မိပြီး မာနေး ကစားပေါက်ရှိတယ်လို့ ချီးကျူးခံရတာကိုလည်း ကျေနပ်ကြောင်း ဒါကာက ပြောပါတယ်။
ဆဲလ်ဘက်အသင်းဟာ မာနေး ကစားခဲ့ဖူးတဲ့အသင်းဖြစ်ပြီး ဟာလန်းဟာလည်း အဲဒီကနေ တဆင့် ခြေစွမ်း ပြခဲ့သူဖြစ်ပါတယ်။
2 months Ago