ဆဲလ်တစ်အသင်း

May 19, 2020

စကော့တလန် ပရီးမီးယားရှစ်ပြိုင်ပွဲကို ဖျက်သိမ်း၊ ဆဲလ်တစ်အသင်း ချန်ပီယံဖြစ်

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် စကော့တလန် ပရီးမီးယားရှစ်ကို ဖျက်သိမ်းလိုက်တဲ့အတွက်  ဆဲလ်တစ်အသင်းဟာ အခုနှစ် ဘောလုံးရာသီအတွက် ချန်ပီယံဆုကို ရရှိသွားပါတယ်။ စကော့ပရီးမီးယားရှစ်အသင်းတွေရဲ့ ရပ်တည်မှုကို ပွဲတပွဲချင်းစီ အမှတ်ပေးကာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကြောင့် Hearts အသင်းဟာ တန်းဆင်းခဲ့ရပြီ ဖြစ်ပါတယ်။ ပရီးမီယားရှစ်ပြိုင်ပွဲကို ပြီးဆုံးအောင် ကစားဖို့အတွက် အဆင်မပြေဘူးလို့ အသင်း ၁၂ သင်းက သဘောတူခဲ့တာကြောင့် မေ ၁၈ ရက်က လုပ်ခဲ့တဲ့ ဘုတ်အဖွဲ့အစည်းအဝေးမှာ ၂၀၁၉-၂၀ ရာသီကို ဖျက်သိမ်းလိုက်ဖို့ စကော့တလန်အသင်းတွေက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆုံးဖြတ်ရာမှာ အသုံးပြုခဲ့တဲ့ တပွဲချင်းစီ အမှတ်ပေးတဲ့စနစ်ကြောင့် လက်ရှိ အမှတ်ပေးဇယားမှာ ပြောင်းလဲမှုတခုသာ ရှိခဲ့ရပြီး စိန့်ဂျွန်စတုန်းအအသင်းဟာ ဟီဘာနီယန်အသင်းကို ကျော်တက်ပြီး အဆင့် ၆ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ချန်ပီယံအဖြစ် သတ်မှတ်ခံထားရတဲ့ ဆဲလ်တစ်အသင်းဟာ ဘောလုံးပြိုင်ပွဲတွေကို မရပ်နားခင်မှာ ဒုတိယနေရာက ရိန်းဂျားအသင်းထက် တပွဲပိုကစားထားပြီး ၁၃ မှတ် ပြတ်နေပါတယ်။ ဒါ့ကြောင့် ဆဲလ်တစ်အသင်းဟာ စကော့တလန်လိဂ်ချန်ပီယံဘွဲ့ကို ၉ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ တန်းဆင်းခဲ့ရတဲ့ Hearts အသင်းကတော့ အမှတ်ပေးဇယားရဲ့ အောက်ခြေမှာ ဟာမီတန်အကယ်ဒမီကယ်အသင်းနဲ့ ၄ မှတ်အကွာကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လိဂ်ဥက္ကဋ္ဌ အန်ဘာ့ဂျ်ကလိဂ်ကို ယာယီပြန်လည်ပြင်ဆင်ခွင့်အတွက် အဆိုပြုချက်တခုကို ဆောင်ရွက်ဖို့ သဘောတူခဲ့တာကြောင့် Hearts အသင်းဟာ တန်းဆင်းရမှုကနေ ခေတ္တဆိုင်းငံ့ထားမှုကို ရရှိဖို့ အခွင့်အရေး ရှိနေပါတယ်။ စကော့တလန် ဘောလုံးအားကစားရဲ့ တာဝန်ရှိသူတွေဟာ လိဂ်ကိုစောပြီး ပိတ်သိမ်းလိုက်ရင်တောင် ဥရောပပြိုင်ပွဲ ဝင်ရောက်ခွင့်နဲ့ပတ်သက်တဲ့ ဝင်ခွင့်ဆုံးရှုံးမှု မရှိစေရဘူးဆိုတဲ့ UEFA ရဲ့ အာမခံချက်ကို ရရှိထားပြီးလည်း ဖြစ်ပါတယ်။
11 months Ago
Up