ဆဲလ်တာဗီဂိုကို အနိုင်ယူပြီး အလာဗက်စ် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတက်

February 9, 2017

ဆဲလ်တာဗီဂိုကို အနိုင်ယူပြီး အလာဗက်စ် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၈ ရက်ညက ယှဉ်ပြိုင်သွားတဲ့ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အလာဗက်စ်အသင်းက ဆဲလ်တာဗီဂိုအသင်းကို ၁ ဂိုးတည်းနဲ့နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ အလာဗက်စ်အသင်းအတွက်တော့ ၉၆ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်တာ ဖြစ်ပါတယ်။ ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာတုန်းက ဂိုးမရှိသရေကျခဲ့ပြီး အိမ်ကွင်းပွဲစဉ်ကြမှ အလာဗက်စ်အသင်းက အနိုင်ရသွားတာပါ။ အလာဗက်စ်အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ၈၂ မိနစ်မှာ မန်ဒက်စ်က သွင်းယူပါတယ်။ အလာဗက်စ်အသင်းဟာ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာ နာမည်ကြီး ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ လာမယ့် မေလ ၂၈ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up