ဆဲလ်တာဗီဂို

April 18, 2018

ဆဲလ်တာဗီဂိုနှင့် ဘာစီလိုနာ ၂ ဂိုးစီသရေကျ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဆဲလ်တာဗီဂိုအသင်းနဲ့ ဘာစီလိုနာတို့ ၂ ဂိုးစီ သရေကျသွားပါတယ်။ ဘာစီလိုနာအသင်းဟာ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကစားဖို့ ရှိတဲ့အတွက် ဒီပွဲမှာ အဓိက ကစားသမား တော်တော်များများကို အနားပေးပြီး ယှဉ်ပြိုင်သွားပါတယ်။ ဘာကာအတွက် ဦးဆောင်ဂိုးကို ၃၆ မိနစ်မှာ ဒမ်ဘီလီက သွင်းယူပါတယ်။ ဆဲလ်တာဗီဂိုအတွက် ချေပဂိုးကိုတော့ ၄၅ မိနစ်မှာ ဂျွန်နီက သွင်းယူပါတယ်။ ဒီပွဲမှာ ဆဲလ်တာဗီဂိုက ဘာစီလိုနာကို အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ၆၄ မိနစ်မှာ ဘာကာအတွက် ဒုတိယဂိုးကို အယ်ကာဆာက သွင်းယူပါတယ်။ ၇၈ မိနစ်မှာတော့ ရိုဘာတို အထုတ်ခံရပြီး ဘာစီလိုနာ တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ ဒီ့နောက် အိမ်ရှင်အတွက် ချေပဂိုးကို ၈၂ မိနစ်မှာ သွင်းယူပြီး သရေကျသွားပါတယ်။ လက်ရှိမှာ ဘာစီလိုနာက ၈၃ မှတ်နဲ့ ဦးဆောင်နေပြီး ဆဲလ်တာဗီဂိုက ၄၄ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။
4 years Ago

January 28, 2016

ဘာစီလိုနာနှင့် ဆဲလ်ဆာဗီဂို စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်တက် (ရုပ်သံဟိုက်လိုက်)

ဇန်န၀ါရီ ၂၈ ရက်က ယှဉ်ပြိုင်သွားတဲ့ စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဘာစီလိုနာက ဘီလ်ဘာအိုကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဦးဆောင်ဂိုးကို ၁၂ မိနစ်မှာ ဘီလ်ဘာအိုက ၀ီလျံစ် သွင်းယူခဲ့ပေမယ့် ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်က ၅၃ မိနစ်မှာ ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။ ဘာကာက ဒီပွဲမှာ နေမာ၊ မက်ဆီတို့နဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပြီး တဘက်သတ် ဘောလုံးအသာစီး ယူနိုင်ခဲ့ပါတယ်။ ဒုတိယဂိုးကို ၈၁ မိနစ်မှာ နောက်တန်းလူ ပီကေးက သွင်းယူပြီး တတိယဂိုးကို မိနစ် ၉၀ မှာ နေမာက သွင်းယူပါတယ်။ ပထမအကျော့ ကွာတားဖိုင်နယ်မှာ ဘာစီလိုနာက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားလို့ ၂ ပွဲပေါင်း ရလဒ် ၅ ဂိုး ၂ ဂိုး ဘာစီလိုနာ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ အလားတူ ကွာတား ဒုတိယအကျော့ပွဲစဉ်ဖြစ်တဲ့ ဆဲလ်တာဗီဂိုနဲ့ အက်သလက်တီကို မက်ဒရစ်တို့ ပွဲမှာတော့ ဆဲလ်တာဗီဂိုက ၃ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ပထမအကျော့မှာတော့ ဒီ ၂ သင်းက ဂိုးမရှိ သရေကျထားတာ ဖြစ်ပါတယ်။
6 years Ago
Up