ဆဲလ္တစ္တုိက္စစ္မႉး မူဆာ ဒမ္ဘီလီကို ခေါ်ယူရန် မန်ယူပစ်မှတ်ထား

February 27, 2017

ဆဲလ်တစ်တိုက်စစ်မှူး မူဆာ ဒမ်ဘီလီကို ခေါ်ယူရန် မန်ယူပစ်မှတ်ထား

မန်ယူအသင်းဟာ တိုက်စစ်မှူး ရွန်နီရဲ့နေရာမှာ အစားထိုးဖို့ ဆဲလ်တစ်အသင်း တိုက်စစ်မှူး မူဆာ ဒမ်ဘီလီကို ပစ်မှတ်ထားနေတယ်လို့ ဗြိတိသျှမီဒီယာတခုဖြစ်တဲ့ မေရာသတင်းမှာ ရေးသားထားပါတယ်။ မန်ယူအသင်းဟာ တိုက်စစ်မှူး ရွန်နီရဲ့နေရာမှာ ရေရှည်အစားထိုးနိုင်ဖို့ ဆဲလ်တစ်တိုက်စစ်မှူးကို ပစ်မှတ်ထားနေတာပါ။ မန်ယူက တာဝန်ပေးထားတဲ့ ဘောလုံးသမား ကင်းထောက်အဖွဲ့ဟာ ပြီးခဲ့တဲ့တပတ်က အသက် ၂၀ အရွယ် တိုက်စစ်မှူး ကစားတဲ့ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ မန်ယူလိုပဲ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ စပါးစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း ဆက်ကျော်သက် တိုက်စစ်မှူးရဲ့ ခြေစွမ်းကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် မန်ယူနည်းပြ မော်ရင်ဟိုက ဘာစီလိုနာတိုက်စစ်မှူး နေမာကိုလည်း ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up