ဆဲဗင်းဇူလိုင်အထိမ်းအမှတ် သမဂ္ဂရင်ပြင်ကို ချီတက်သူများ တရားစွဲခံရ

A d v e r t i s e m e n t With Us

July 16, 2019

ဆဲဗင်းဇူလိုင်အထိမ်းအမှတ် သမဂ္ဂရင်ပြင်ကို ချီတက်သူများ တရားစွဲခံရ

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က  ၅၇ နှစ်မြောက် 7 July အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ်ထဲက သမဂ္ဂရင်ပြင်ကို လမ်းလျှောက်ချီတက်အလေးပြုကြခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူ ၈ ဦးကို  ရဲတပ်ဖွဲ့က တရားစွဲလိုက်ပါတယ်။  တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ)အဖွဲ့ဝင်တွေနဲ့ ဗကသကျောင်းသားတွေကို ကမာရွတ်မြိုနယ်နဲ့ လှိုင်မြို့နယ်က  ရဲတပ်ဖွဲ့တွေက တရားလိုပြုလုပ်ပြီး ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တာပါ။  ကမာရွတ်မြို့နယ်ရဲ စခန်းမှာ ဗကသကျောင်းသား ၆ ဦးကို စွဲဆိုခဲ့ပြီး လှိုင်မြို့နယ်ရဲစခန်းမှာတော့ တကသကျောင်းသားတွေဖြစ်တဲ့ ကိုမင်းဟန်ထက်နဲ့ ကိုဇင်မင်းဖြိုး တို့ကို တရားစွဲဆိုထားတာပါ။ ဒီအမှုကို ရုံးထုတ်စစ်ဆေးဖို့ လာမယ့် ၂၃ ရက်နေ့ချိန်းဆိုထားပြီး ဗကသကျောင်းသားတွေထဲက ကိုမင်းသွေးသစ်၊ ကိုစိုင်းသူဝင်း၊ မအိသီရိကျော်နဲ့ ကိုခန့်မင်းထက်တို့ ၄ ဦးကတော့ ကမာရွတ်စခန်းမှာ ကိုယ်တိုင်ခံဝန်နဲ့ အာမခံရယူခဲ့ပေမယ့် ကျန်နှစ်ဦးရဲ့ အခြေအနေကတော့ မသိရသေးပါဘူး။ ၂၀၁၂ ခုနှစ်နောက်ပိုင်း  7 July အထိမ်းအမှတ်အခမ်းအနား ပြုလုပ်တာကို ရဲတပ်ဖွဲ့က အမှုဖွင့်တရားစွဲဆိုတာဟာ လက်ရှိဒီမိုကရေစီလမ်းကြောင်း သွားနေတဲ့ အစိုးရတရပ်ကို မေးခွန်း ထုတ်စရာဖြစ်နေတယ်လို့  တရားစွဲခံရတဲ့ ကျောင်းသား ကိုခန့်မင်းထက်က ပြောပါတယ်။
2 years Ago
Up