ဆေးသပိတ် နှင့် Paper strike

April 24, 2021

သီပေါမြို့တွင် သွေးမတိတ် ဆေးသပိတ် နှင့် Paper strike သပိတ် ပြုလုပ်

ဧပြီ ၂၄ ရက် မနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ ပြည်သူများအားလုံး စုပေါင်းဦးဆောင်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးပင်မသပိတ်စစ်ကြောင်းနဲ့ မြို့အနှံ့လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်အားအလိုမရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ပြည်သူနဲ့ တစ်သားတည်းရပ်တည်ကာကွယ်ပေးဖို့ တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

မြို့တွင်းလှည့်လည်ဆန္ဒထုတ်ဖော်ရင်း “သွေးမတိတ် ဆေးသပိတ်”၊ “Paper strike” နဲ့လည်း ဆန္ဒထုတ်ဖော်ခဲ့ကြပြီး သွေးသစ္စာသီချင်းအားသံပြိုင်သီဆိုကာ အောင်မြင်စွာ လူစုခွဲခဲ့ကြပါတယ်။

7 months Ago
Up