ဆေးဝါးအကူအညီ

December 5, 2021

ပုလဲမြို့နယ်က စစ်​ဘေးသင့်ပြည်သူတချို့ စားနပ်ရိက္ခာနှင့် ​ဆေးဝါးများ အကူအညီလိုအပ်​

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာ ​စစ်​ကောင်စီတပ်​ဖွဲ့ရဲ့ မီးရှို့ခြင်း​ခံခဲ့ရမှုကြောင့် ​ဒေသခံပြည်သူ​တွေနဲ့ စစ်​ဘေး​ရှောင်ပြည်သူတစ်ချို့ စားနပ်ရိက္ခါအပါဝင် ​ဆေးဝါးအကူညီ​တွေ လိုအပ်​နေတယ်လို့ သိရပါတယ်။

ပုလဲ-ဂန့်​ဂေါ ကားလမ်း​ဘေးဝဲယာအနီးမှာရှိတဲ့ ၅၅ မိုင်၊ ၅၆ မိုင်၊ ၅၇ မိုင်၊ ၅၈ မိုင်၊ ၅၉ မိုင် နဲ့ အင်​တော်ပြန့် ​စတဲ့ ကျေးရွာတွေက ပြည်သူတွေ အကူညီလိုအပ်​နေတယ်လို့ သိရပါတယ်။ 

အဲဒီ​ကျေးရွာထဲက အဆိုးရွားဆုံး မီး​ဘေးသင့်ခံခဲ့ရတာက​တော့ ၅၆ မိုင် ရွာဖြစ်ကာ အကူညီလိုအပ်​နေတဲ့အိ မ်​ခြေ​ပေါင်း ၄၀၀ ဝန်းကျင်​လောက်ရှိတယ်လို့ ဆိုပါတယ်။ 

စစ်​ဘေး​ရှောင်ပြည်သူများဟာ နေထိုင်​စား​သောက်ရေးအပြင် ​ဆေးဝါးတွေပါ လိုအပ်​နေပြီး လက်ရှိအချိန်မှာ​တော့ ပရဟိတအသင်း​တွေနဲ့ ဗိုလ်မိုး​ကောင်း ဦး​ဆောင်တဲ့ ​ဒေသခံ PDF အဖွဲ့တို့က တတ်နိုင်သ​လောက် ကူညီ​ပေး​နေကြတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။ 

​စစ်​ဘေး​သင့်ပြည်သူ​တွေနဲ့ စစ်​ဘေးရှောင်​တွေ​ကို ထောက်ပံ့မှု​ပေး​နေတာက အများပြည်သူ​တွေက အဖွဲ့ကို လှူဒါန်း​ထောက်ပံ့ထားတဲ့အထဲက မျှ​ဝေသုံးစွဲ​နေရတာဖြစ်​ပြီး ဆက်လက်​ထောက်ပံ့နိုင်​ရေးအတွက်က စေတနာရှင်ပြည်သူ​တွေရဲ့ အကူညီ​လိုအပ်​​နေတယ်လို့ ​ကူညီထောက်ပံ့မှု​ပေးနေတဲ့ ဗိုလ်မိုး​ကောင်းအဖွဲ့က ​ပြော​ရေးဆိုခွင့်ရှိသူ ဗိုလ်ဝဏ္ဏ ​ ပြောပါတယ်။

ပုလဲမြို့နယ်ဟာ ​ဒေသခံ PDF အဖွဲ့များနဲ့ စစ်​ကောင်စီတပ်ဖွဲ့များအကြား တိုက်ခိုက်မှုဖြစ်စဥ်များရှိခဲ့ပြီး စစ်​ကောင်စီတပ်ဖွဲ့​တွေ အကျဆုံးများခဲ့ရတဲ့ ​ဒေသတစ်ခုဖြစ်သလို စစ်​ကောင်စီတပ်ဖွဲ့ရဲ့ ​ ပြည်သူ​တွေရဲ့ နေအိမ်တွေလည်း မီးရှို့ဖျက်ဆး ခံနေရတာပါ။

1 day Ago

October 16, 2021

စစ်ဘေးရှောင်များ ဆေးဝါးအကူ ကျပ်သိန်း ၃၀ ဖိုး လိုအပ်နေ၊ Clean Yangon မှတဆင့် လှူဒါန်းနိုင်

စစ်ဘေးရှောင်မိသားစုတွေအတွက် ဆေးဝါးပစ္စည်း လိုအပ်ချက် ငွေကျပ်သိန်း ၃၀ လောက်ရှိနေပြီး  Clean Yangon အဖွဲ့ကတဆင့် ပါဝင်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။

“ကူပေးနေတဲ့ ဆေးပစ္စည်းတွေက အဖွဲ့မှာ ကုန်သလောက်ဖြစ်သွားပြီ။ ထပ်ဖြည့်မယ်ဆို သိန်း ၃၀ ဖိုးလောက် ဖြည့်ရဦးမယ်။ စစ်ဘေးရှောင်ကမ့်တွေနဲ့ တောင်ပေါ်ဒေသမှာ လှည့်လည်ပြီး ကူနေတဲ့ ကျနော်တို့ရဲ့ ဆေးကုသရေးအဖွဲ့အတွက် လိုနေတဲ့ဆေးဝါးဖိုး အလှူခံ ချင်ပါတယ်”

အလှူဆေးဝါးပစ္စည်းတွေ လိုက်လံစုစည်းပြီး လိုအပ်တဲ့ဒေသတွေဆီ ပြန်ပို့ဖို့အတွက် ခက်ခဲတာကြောင့် ပစ္စည်းတွေထက် ပိုက်ဆံပဲလှူပေးတာ ပိုသင့်တော်တယ်လို့ ဆိုပါတယ်။

အလှူရှင်တွေ လှူဒါန်းမှုကြောင့် လိုအပ်တဲ့ အလှူငွေပမာဏထက်ကျော်သွားရင်လည်း လိုအပ်တဲ့ တခြားနေရာတွေဆီ ရောက်စေဖို့ တာဝန်ယူမှာဖြစ်ကာ Clean Yangon အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ Message Box ကတဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေခဲ့တာပါ။

ဒီတိုက်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဟာလည်း တနေ့တခြား ပိုမိုများပြားလာနေပါတယ်။

Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့အတူ ရန်ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက် အသိပညာပေးရေး လှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မတရားအာဏာသိမ်းကာလ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေကြောင့် နေရပ်ဒေသအသီးသီးက ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ တထောင့်တနေရာကနေ ပံ့ပိုးကူညီမှုတွေ တစိုက်မတ်မတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

2 months Ago
More News
Up