ဆေးဝါးသယ် ဒရုမ်း

September 23, 2021

ဂရိတွင် ဆေးဝါးသယ် ဒရုမ်းယာဉ်များ စမ်းသပ်ပျံသန်း

ဂရိနိုင်ငံရဲ့အနောက်မြောက်ပိုင်းက ထရီကာလာမြို့ အာဏာပိုင်တွေဟာ ဆေးဝါးတွေ သယ်ယူပို့ဆောင်ဖို့ ဒရုမ်းယာဉ်တွေကို စက်တင်ဘာ ၂၁ ရက်မှာ ပထမဆုံး စမ်းသပ်ပျံသန်းခဲ့ ပါတယ်။

 ဝေးလံသီခေါင်တဲ့ နေရာတွေဆီကို ရောက်ဖို့ သဘာဝပတ်ဝန်းကျင်နဲ့ ပိုလိုက်လျောညီထွေ ဖြစ်တဲ့ သယ်ယူပို့ဆောင်ရေး နည်းလမ်းတွေကို ဖန်တီးဖို့ ဥရောပက ရန်ပုံငွေပေးတဲ့ စီမံကိန်း အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

“ဒီနေ့ ကျနော်တို့မှာ ရှိနေတဲ့ တကယ့်ပြဿနာတွေအတွက် နည်းပညာက တကယ့်အဖြေတွေ ထုတ်ပေးတယ်” လို့ ထရီကာလာမြို့တော်ဝန်က ပြောပါတယ်။

 စမ်းသပ်ပျံသန်းမှုအတွင်း ထရီကာလာမြို့ကနေ ဆေးတွေကို သယ်ပြီး ၃ ကီလိုမီတာ ဝေးတဲ့ လက်ပ်တိုကာယာရွာက လယ်ကွင်းထဲကို ဆင်းသက်ခဲ့ပါတယ်။

 ဥရောပက ရန်ပုံငွေ ထောက်ပံ့တဲ့ ဟာမိုနီလို့ နာမည်ပေးထားတဲ့ အစီအစဉ်ဟာ သယ်ယူပို့ ဆောင်ရေးမှာ ကာဗွန်ထုတ်လုပ်မှု ပိုနည်းပါးတဲ့ နည်းလမ်းတွေကိုရှာဖို့ ရည်မှန်းထားတာပါ။

ဂရိနိုင်ငံမှာ နှင်းအကြီးအကျယ်ကျရင် ဆောင်းရာသီမှာ သယ်ယူပို့ဆောင်ရေး ပြတ်တောက်သွားတဲ့ တောင်ပေါ်ရွာ အများအပြား ရှိပါတယ်။

 ဟာမိုနီအစီအစဉ်ဟာ ဥရောပနဲ့ ဗြိတိန်က အရွယ်အစား၊ အခြေခံအဆောက်အဦနဲ့ မြေပြင် သွင်ပြင် မတူခြားနားတဲ့ မြို့ ၆ မြို့မှာ ဒရုန်းယာဉ်တွေ၊ အလိုအလျောက် သွားနိုင်တဲ့ ယာဉ်တွေကို သုံးပြီး စမ်းသပ်ဖို့ ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

2 years Ago
Up