ဆေးလုံးရေ ၉ သန်;

December 31, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေးလုံးရေ ၉ သန်း ကိုလံဘီယာ ဝယ်မည်

ကိုလံဘီယာဟာ ဂျွန်ဆင်အင်န်ဂျွန်ဆင်ဆေးကုမ္ပဏီရဲ့ လက်ခွဲ ဂျက်ဆန်ဆီကနေ ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၉ သန်း ဝယ်ယူဖို့ သဘောတူလိုက်ပြီလို့ သမ္မတ အီဗန်ဒူကေးက ဒီဇင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။  ကိုလံဘီယာဟာ ဖိုင်ဇာနဲ့ အက်စ်ထရာဇန်နက်ကာ ဆေးကုမ္ပဏီတွေဆီကလည်း ကိုဗစ်ကာကွယ်ဆေး ၁၀ သန်း ဝယ်ယူဖို့လည်း သဘောတူညီချက် ယူထားပြီးပါပြီ။  ဒါ့အပြင် ကိုလံဘီယာဟာ COVAX  အစီအစဉ်ကနေ နောက်ထပ် ကာကွယ်ဆေးလုံးရေ သန်း ၂၀ လက်ခံသွားဖို့လည်း ရှိပါတယ်။  ကနဦး ကုမ္ပဏီ နှစ်ခုဆီက ကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးရပေမဲ့ ဂျေအင်ဂျေ ကာကွယ်ဆေးကတော့ တစ်ကြိမ်သာ ထိုးဖို့ လိုအပ်ပါတယ်။  သဘောကတော့ ကိုလံဘီယာအနေနဲ့ လူဦးရေ ၂၉ သန်းအတွက် လုံလောက်တဲ့ ကာကွယ်ဆေး ဝယ်ယူထားတာပါ။  နိုင်ငံလူဦးရေ ၃၅ သန်း ကာကွယ်ဆေး ထိုးနှံခွင့်ရစေမယ့် နောက်ထပ် ကာကွယ်ဆေး သဘောတူညီချက်တွေကို ရက်ပိုင်းအတွင်း အပြီးသတ်လုပ်သွားမယ်လို့လည်း သမ္မတ ဒူကေးက ပြောဆိုပါတယ်။  ကိုဗစ်ကာကွယ်ဆေးတွေကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက် ၈၀ နှစ်အထက် လူကြီးတွေကို ဦးစားပေးထိုးနှံသွားမှာပါ။   အဲဒီနောက်မှာတော့ အသက် ၆၀ နဲ့ ၇၉  ကြား လူကြီးတွေနဲ့  နာတာရှည် ရောဂါရှိပြီး ကိုဗစ်ကြောင့် ဆိုးဆိုးရွားရွားအန္တရာယ် ရှိနိုင်သူတွေကို ထိုးနှံပေးသွားမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
10 months Ago
Up