ဆေးရုံ မီးလောင်မှု

October 28, 2020

ဘရာဇီးတွင် ဆေးရုံ မီးလောင်မှုကြောင့် ကိုဗစ်-၁၉ လူနာ ၁ ဦး သေဆုံး

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့မှာ ဘွန်ဆုစက်ဆိုပြည်ထောင်စုဆေးရုံ မီးလောင်ခဲ့တာကြောင့် ဆေးရုံထဲကနေ လူနာတွေကို အောက်တိုဘာ ၂၇ ရက်က ကယ်ထုတ်ခဲ့ရပါတယ်။  မီးငြှိမ်းသတ်နိုင်ပြီး ကယ်ထုတ်လာတဲ့ လူနာတွေထဲက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ ၁ ယောက် သေဆုံးသွားတယ်လို့ ဒေသမီဒီယာတွေမှာ ဖော်ပြပါတယ်။ ဆေးရုံ ကုန်လှောင်ရုံကနေ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး လူနာ ၂၅ ယောက်ကို တခြားဆေးဘက်ဌာနတွေဆီ ရွှေ့ပြောင်းထားရပြီး အဲဒီထဲက ၈ ယောက်က ကိုဗစ်-၁၉ လူနာတွေလို့ ဆိုပါတယ်။ တခြားလူနာ ၁၇၀ ကိုတော့ ဆေးရုံရဲ့ တခြားဧရိယာတွေဆီ ရွှေ့ထားပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up