ကိုရိုနာဗိုင်းရပ်စ်သစ် စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံအရှေ့ပိုင်း ဝူဟန်မြို့မှာ လူနာတွေကို ကုသပေးမယ့် ခုတင် တစ်ထောင်ဆံ့ ဆေးရုံတရုံကို ၆ ရက်နဲ့ အပြီးတည်ဆောက်နေပါတယ်။
ဇန်နဝါရီ ၂၃ ရက်ညက မြေတူးစက် ၃၅ စီး ၊ ဘူဒိုဇာ ၁၀ စီး အပါအဝင် တည်ဆောက်ရေး ယန္တရားကြီးတွေဟာ ဆေးရုံသစ် တည်ဆောက်ဖို့ ရောက်ရှိလာပါတယ်။
တရားမဝင် တောရိုင်းတိရစ္ဆာန်တွေ ရောင်းချတဲ့ ဈေးတခုကနေ ဗိုင်းရပ်စ်သစ်ကို စတင်တွေ့ရှိတယ်လို့ ယုံကြည်ရပါတယ်။
ဇန်နဝါရီ ၂၄ ရက်မှာ အဲဒီဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ စုစုပေါင်း ၂၅ ယောက်ထိ ရှိလာပြီး ကူးစက်ခံရသူ အယောက် ၈၃၀ ရှိတယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင်က သတင်း ထုတ်ပြန်ပါတယ်။
ကနဦးသုတေသနပြုချက်အရ ဝူဟန်ဗိုင်းရပ်စ်ဟာ မြွေတွေကနေ လူသားဆီ ကူးစက်တယ်လို့ သိရပါတယ်။
အခုအခါမှာတော့ လူဦးရေ ၁၁ သန်းနေထိုင်တဲ့ ဝူဟန်မြို့ကနေ ပြင်ပနေရာတွေဆီ ဝင်ထွက်သွားလာခွင့် ပိတ်ထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
1 year Ago