ဆေးရုံသုံး မျက်နှာဖုံး ၄ သန်း

March 30, 2020

တရုတ်နိုင်ငံက ဆေးရုံသုံး မျက်နှာဖုံး ၄ သန်းကျော် စပိန်နိုင်ငံရောက်ရှိ

တရုတ်နိုင်ငံကနေ ဆေးရုံသုံး မျက်နှာဖုံး ၄ သန်းကျော်ကို တင်ဆောင်လာတဲ့ အဲဘတ်စ် လေယာဉ်တစီး စပိန်နိုင်ငံကို မတ်လ ၂၈ ရက်က ရောက်လာပြီလို့ အဲဘတ်စ်က ပြောပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို ရင်ဆိုင်နေရတဲ့ နိုင်ငံတွေဟာ ကူးစက်မှု ကာကွယ်ရေး ပစ္စည်းတွေရဖို့ အသည်းအသန် ကြိုးစားနေရတာပါ။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး အကျပ်အတည်းကာလမှာ ဗြိတိန်၊ စပိန်၊ ဂျာမနီနဲ့ ပြင်သစ် နိုင်ငံတွေက ကျန်းမာရေးစနစ်တွေကို ကူညီထောက်ပံ့ဖို့ မျက်နှာဖုံးတွေကို ထပ်ပြီး သယ်ပို့ဖို့ ဥရောပ-တရုတ် လေကြောင်းခရီးစဉ်သစ်ကို တာဝန်ချထားပြီးပြီလို့ အဲဘတ်စ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
1 year Ago
Up