ဆေးရုံသို့ပြောင်းရွှေ့

A d v e r t i s e m e n t With Us

April 10, 2020

ပုသိမ်တက္ကသိုလ်က Quarantine စောင့်ကြည့်ခံ ၄ ဦး အိမ်ပြန်၊ ၁ ဦးကို ဆေးရုံသို့ ပြောင်းရွှေ့

ပုသိမ်မြို့၊ တက္ကသိုလ်အတွင်းက နန္ဒဆောင်မှာ ပြည်ပက ပြန်လာသူတွေကို Facilities Quaranntine လုပ်ပြီး ၁၄ ရက်စောင့်ကြည့်ထားရာမှာ သတ်မှတ်ရက်ပြည့်သူတွေကို ဧပြီလ ၉ ရက်မနက်ပိုင်းက အိမ်ပြန်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံကနေ ပြန်လာတဲ့အမျိုးသား တဦးကိုတော့ ပုသိမ်ဆေးရုံကြီးကို ပြောင်းရွှေ့စောင့်ကြည့်နေတယ်လို့ တာဝန်ရှိသူတွေထံက သိရပါတယ်။ သတ်မှတ် စောင့်ကြည့်ရက်ပြည့်လို့ အိမ်ပြန်ခွင့်ပြုပေးခဲ့တဲ့သူတွေကတော့ ငပုတောမြို့နယ် ကျုံကူးက ၁ ဦး၊ အမှတ် ၈ ရပ်ကွက် အလယ်ကုန်က ၂ ဦးနဲ့ မညိမ်းလှကုန်းက ၁ ဦးကို အိမ်ကို ပြန်လိုက်ပို့ပေးခဲ့ပါတယ်လို့ တိုင်းဒေသကြီး Quaratine တာဝန်ရှိသူ ဒေါက်တာ မြတ်မင်းထွန်းက ပြောပါတယ်။ “ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ၁၄ ရက်စောင့်ကြည့်ခံရသူတွေ လိုက်နာရမယ် အချက်တွေကို သူတို့ကို စာရွက်နဲ့ ထည့်ပေးလိုက်ပါတယ်၊ ပြီးတော့ သူတို့ရဲ့ တကိုယ်ရည်သုံး ပစ္စည်းတွေကို ထပ်ပြီးမဝယ်ရအောင် Mask တွေ Hand Gel တွေ နဲ့ အခြား ခွက်တွေ ဇွန်တွေ ကအစထည့်ပေးလိုက်ပါတယ်လို့ ပြောပါတယ်။” အိမ်ပြန်ရောက်တဲ့ အခါမှာလည်း အပြင်မလိုအပ်ပဲ မထွက်ကြဖို့နဲ့ ဒီရောဂါကြီးကို ပူးပေါင်းကာကွယ်ဖို့အတွက် ကျန်းမာရေး အသိ ပညာပေးမှာကြားခဲ့တယ်လို့လည်း ဆိုပါတယ်။ ထိုင်းနိုင်ငံက ပြန်လာတဲ့ အမျိုးသား ၁ ဦးကတော့ လည်ပင်းနာနေတယ်လို့ တာဝန်ရှိသူ တွေကို ဖုန်းဆက်သတင်းပို့လာလို့ ပုသိမ်ဆေးရုံကြီးကို ရွှေ့ပြောင်းပြီး စောင့်ကြည့်နေပါတယ်။ ဆေးရုံ Quarantine ဖြစ်သွားတဲ့အတွက် သူ့မှာ ရောဂါရှိ မရှိကို စစ်ဆေးသွား ရမှာပါ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိမရှိ စစ်ဆေးဖို့အတွက်ကိုလည်း လူနာဆီက ဓာတ်ခွဲနမူနာ ပေးပို့လိုက် ပြီး အဖြေကတော့ ညနေသိရမယ်လို့  အဖွဲ့ခေါင်းဆောင် ပုသိမ်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက ဒီဗွီဘီကိုပြောပါတယ်။ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ငပုတောမြို့နယ်ကနေ အဆုတ်ရောင်ရောဂါနဲ့ ဆေးရုံလာတက်နေသူ တ ဦးကိုလည်း မသင်္ကာလို့ ဓါတ်ခွဲ စစ်ဆေးဖို့ နမူနာ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
11 months Ago
Up