ဆေးရုံသစ်

May 30, 2020

အစ္စတန်ဘူလ် လေဆိပ်တွင် ဆောက်လုပ်သည့်ကိုဗစ်-၁၉ ကုသရေးဆေးရုံသစ် ဖွင့်လှစ်

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က အက်တာတက်ခ်လေဆိပ်ပြေးလမ်းမမှာ  ၄၅  ရက်နဲ့ တည်ဆောက်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကုသရေးဆေးရုံသစ်ကို မေ ၂၉ ရက်က ဖွင့်လှစ်လိုက်ပါတယ်။  အက်တာတက်ခ်လေဆိပ်ဟာ အရင်က မြို့သူမြို့သား ၁၆ သန်းအတွက် အဓိကလေဆိပ် ဖြစ်ခဲ့ပေမယ့် လွန်ခဲ့တဲ့တနှစ်က လေဆိပ်သစ် ပြီးသွားချိန်မှာတော့ အက်တာတက်ခ်လေဆိပ်မှာ ကုန်စည်ပို့ဆောင်ရေးနဲ့ တရားဝင်အစိုးရ ခရီးစဉ်ကလွဲရင် လေယာဉ်ပျံသန်းတာတွေကို ပိတ်ခဲ့ပါ တယ်။  တူရကီမှာ မြို့တွင်းသွားလာမှု ကန့်သတ်ချက်တွေကို ရုပ်သိမ်းဖို့နဲ့ ဇွန် ၁ ရက်ကစပြီး စားသောက်ဆိုင်တွေ၊ ပန်းခြံတွေနဲ့ အားကစားရုံတွေကို ပြင်ဖွင့်ခွင့်ပြုဖို့ ပြင်ဆင်နေချိန်မှာပဲ ဆေးရုံ သစ်ကို ဖွင့်လှစ်မှာဖြစ်ပါတယ်။ တူရကီမှာ ကိုဗစ်-၁၉ ‌ရောဂါ ကူးစက်သူ ၁၆၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၄,၅၀၀ နီးပါး ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။    
1 year Ago

March 26, 2020

အင်ဒိုနီးရှားတွင် အားကစားရုံကို ဆေးရုံအဖြစ်ပြောင်း၊ ဆေးရုံသစ်တခု အလျင်အမြန်တည်ဆောက်

ကျွန်းစုပေါင်း သောင်းချီတဲ့ အင်ဒိုနီးရှားအစိုးရဟာ နိုင်ငံတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ဖို့ ကူးစက်ခံလူနာတွေထားဖို့ အားကစားရုံတရုံကို ယာယီဆေးရုံအဖြစ် အသွင်းပြောင်းပြီး ဆေးရုံသစ်တရုံကိုလည်း အချိန်လု တည်ဆောက်နေပါတယ်။ အင်ဒိုနီးရှား ဂါလန်ကျွန်းမှာ လူနာခုတင် ၃၄၀ နဲ့ လူအယောက် ၂၀ ဆံ့ အထူးကြပ်မတ်ကုသရောဂါခြေချုပ် အဆောင်တွေ ပါဝင်တဲ့ ဆေးရုံသစ်တခုကို မတ်လ ၃၀ ရက်နေ့ အပြီးသတ် တည်ဆောက်သွားမယ်လို့  စစ်တပ်အကြီးအကဲက ပြောပါတယ်။ မြို့တော်ဂျကာတာရဲ့ အရှေ့ဘက်က ဘေကာစီမြို့ဒေသန္တရ အစိုးရကလည်း အားကစားရုံ တရုံကို ဆေးရုံအဖြစ်ပြောင်းပြီး ခုတင်တွေနဲ့ အမြန်စစ်ဆေးနိုင်တဲ့ဌာနတွေ စီစဉ်ဆောင်ရွက်နေပါတယ်။ မြို့တွင်း ကျန်းမာရေးဌာနတွေကတော့ လူပြည့်နေပြီလို့ သိရပါတယ်။  အင်ဒိုနီးရှားနိုင်ငံမှာ ဒီနေ့မနက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ၇၉၀ နဲ့  သေဆုံးသူ ၅၈ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာန အရာရှိ အက်ခ်မဒ် ယူရီယန်တိုက အတည်ပြု ပြောဆိုပါတယ်။  ရောဂါစမ်းသပ်နိုင်မှု နည်းပါးပြီး သေဆုံးနှုန်းမြင့်နေလို့ ကူးစက်မှု ပမာဏက အတိအကျ ဖော်ပြနိုင်စွမ်း နည်းနေတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ တကယ် ကူးစက်နေတာရဲ့ ၂ ရာခိုင်နှုန်းသာ ရှိလိမ့်မယ်လို့ လန်ဒန်အခြေစိုက် ကူးစက်ရောဂါဆိုင်ရာ သင်္ချာနည်းကျတွက်ချက်မှုဌာန စစ်တမ်းက မတ်လ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။ တကယ် ကူးစက်ခံလူနာအရေအတွက်ဟာ အီရန်ထက် များပြီး ၃၄၃၀၀ ထိ ရှိနေနိုင်တယ်လို့ စစ်တမ်းက ဆိုထားပါတယ်။
2 years Ago
Up