ဆေးရုံမှဆင်း

December 17, 2020

ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရသည့် ဧရာဝတီတိုင်း စည်ပင်ဝန်ကြီး ဆေးရုံမှဆင်း

ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရလို့ ဆေးကုသမှုတွေ ခံယူနေရတဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စည်ပင်ဝန်ကြီး ဦးကျော်မြင့်ဟာ ဒီဇင်ဘာလ ၁၆ ရက်က ဆေးရုံကနေ ဆင်းခွင့် ရရှိခဲ့ပါတယ်။ စည်ပင်ဝန်ကြီး ဦးကျော်မြင့်ဟာ ရွေးကောက်ပွဲ ငွေစာရင်းရှင်းတမ်းတွေကို လပွတ္တာမြို့ကို ပြန်လည်ဆောင်ရွက်ချိန်မှာ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိလို့ ဟိုတယ်ကွာရန်ဝင်နေစဉ်မှာ ရောဂါပိုး ကူးစက်ခံခဲ့ရတာပါ။ ခုတော့ ကျန်းမာရေး အခြေအနေကောင်းမွန်လို့ ဆေးရုံဆင်းခွင့်ရပြီလို့ တိုင်းအစိုးရ အဖွဲ့ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှု လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက DVB ကိုပြောပါတယ်။ "ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်။ မနေ့က ဆေးရုံကနေ ဆင်းခွင့်ရပါတယ်"လို့ ပြောပါတယ်။ အသက် ၆၅ နှစ်အရွယ် စည်ပင်ဝန်ကြီး ဦးကျော်မြင့်အပါအဝင် ပုသိမ်တိုင်းရင်းဆေးရုံကြီးက ဆေးရုံဆင်းခွင့်ရရှိသူ ၇ ဦးရှိတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့က တိုင်းအစိုးရအဖွဲ့ရဲ့ စည်ပင်ဝန်ကြီးရောဂါကူးစက်ခံခဲ့ရသလို လွှတ်တော်ရုံးက ဝန်ထမ်း ၃ ဦးလည်း ရောဂါကူးစက်ခံခဲ့ရတာပါ။ ဧရာဝတီတိုင်းမှာ ဒီဇင်ဘာလ ၁၇ ရက် မနက် ၉ နာရီအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၈၄၉ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၃၁၁၉ ဦးရှိကာ သေဆုံးလူနာ ၃၂ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
4 months Ago

December 8, 2020

မူဆယ်တွင် ကိုဗစ်-၁၉  လူနာအားလုံး ရောဂါကင်းစင် ဆေးရုံမှဆင်း  

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်ရှိ မူဆယ်ဆေးရုံကြီးမှာ ကိုဗစ်-၁၉ လူနာဦးရေ စုစုပေါင်း ၃၃ ဦး တက်ရောက်ကုသခဲ့ပြီး  လူနာတွေအားလုံး ရောဂါကင်းစင်လို့ ဆေးရုံက ဆင်းသွားပြီမို့ တစ်ဦးတစ်ယောက်မှ မကျန်တော့သလို ကွာရန်တင်းဝင်နေသူတွေလည်း မရှိတော့ဘူးလို့  မူဆယ်လူမှုကူညီရေးအသင်းက ပြောပါတယ်။ မူဆယ်ခရိုင်ဆေးရုံကြီးမှာ  ၂၀၂၀ ဧပြီလ ၂၆ ရက်နေ့ကစလို့ ကိုဗစ်-၁၉ ပိုးတွေ့ လူနာစုစုပေါင်း ၃၃ ဦး တက်ရောက်ကုသခဲ့ကြောင်း   နောက်ဆုံးလူနာမှာ  လွန်ခဲ့တဲ့ ၄ ရက် (ဒီဇင်ဘာလ ၄ ရက်) နေ့က ဆေးရုံက ဆင်းသွားပြီဖြစ်ပါတယ်။ နောက်ထပ်လူနာသစ် ရောက်မလာသလို ကွာရန်တင်းဝင်နေတဲ့သူ ၄၇ ဦးဟာလည်း ဒီနေ့ ရက်စေ့ပြီး နေရပ်ပြန်သွားကြတာမို့ လောလောဆယ် မူဆယ်မြို့မှာ ကိုဗစ်-၁၉ ကင်းစင်သွားပြီလို့ ကိုဗစ်-၁၉ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးနေတဲ့ မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ  ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “မူဆယ်ဆေးရုံမှာ နောက်ဆုံးတက်ခဲ့တဲ့ ၃၃ ယောက်မြောက်လူနာက အသက် ၁၉ နှစ်ရွယ် မိန်းကလေးပါ။ သူက နေကောင်းကျန်းမာလို့  ဆေးရုံဆင်းသွားတာ ၄ ရက်ရှိပြီ။ အဲဒီကတည်းက လူနာသစ်မရှိဘူး။ ကျန်တဲ့သူတွေက ဒီမတိုင်ခင်ကတည်းက ဆေးရုံဆင်းသွားတော့  လောလောဆယ် ကိုဗစ်-၁၉ လူနာ ကင်းစင်နေတယ်ပေါ့နော်။ ကွာရန်တင်းဝင်နေတဲ့သူ ၄၇ ယောက်လည်း ဒီကနေ့ ရက်စေ့သွားလို့ ပြန်ကုန်ပြီခင်ဗျ  ” အဆိုပါ ကိုဗစ် ၁၉ လူနာ ၃၃ ဦးမှာ မူဆယ်ဒေသခံ ၇ ဦးသာရှိပြီး ကျန်သူတွေမှာ တရုတ်နိုင်ငံက ပြန်လာသူနဲ့  ရပ်ဝေးက အဝေးပြေးကုန်တင်ကားမောင်းသူတွေ၊ ယာဉ်နေ ာ က်လိုက်တွေ ဖြစ်တယ်လို့ ဆိုပါတယ် ။ မူဆယ် ဒေသခံ ၇ ဦးအနက် ပထမဆုံး ကိုဗစ် လူနာမှာ အသက် ၈၇ နှစ်ရွယ် အဖွားအိုတယောက်ဖြစ်ပြီး ဒူဘိုင်းနိုင်ငံကို ခရီးသွားထားတဲ့ရာဇဝင်ရှိကြောင်း၊  နောက်ထပ် ၃ ဦးမှာ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတွေလို့ ဆိုပါတယ်။ ကွာရန်တင်းစင်တာမှာ  လောလောဆယ် လူမရှိသေးပေမယ့်လည်း   မနေ့ကနဲ့ ဒီကနေ့ ၂ ရက်မှာ တရုတ်နိုင်ငံက ပြန်လာသူပေါင်း အယောက်  ၅၀ ရှိပြီး သူတို့တွေကို ကျန်းမာရေးဆေးစစ်နေကာ အဆိုပါဆေးစစ်ချက်ပေါ်မူတည်ပြီး ကွာရန်တင်းထပ်ဝင်လာမယ့်သူတွေ ရှိချင်ရှိဦးမယ်လို့ ဦးသောင်းထွန်းက ပြောပါတယ် ။ မူဆယ်မှာ ပိုးတွေ့လူနာမရှိတာ ၄ ရက်ရှိသွားပြီဆိုပေမယ့် ရောဂါပိုးကင်းသွားပြီဆိုပြီး စိတ်ချကာပေါ့လျော့နေလို့တော့ မရကြောင်းနဲ့ ကိုဗစ်-၁၉ ကူးစက်မှု အချိန်မရွေး ထပ်ရှိနိုင်တာမို့ လူတိုင်း ကျန်းမာရေးနဲ့အညီ ဂရုစိုက်နေထိုင်ကြဖို့ ဂရုဏာလူမှုကူညီရေးအသင်းက တိုက်တွန်း ပါတယ်။
5 months Ago
More News
Up