ဆေးဘက်အကူပစ္စည်

A d v e r t i s e m e n t With Us

April 2, 2020

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ရုရှားဆေးဘက်အကူပစ္စည်းများ အမေရိကန်ရောက်ရှိ

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရာမှာ အထောက်အပံ့ဖြစ်မယ့်  ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို သယ်ဆောင်လာတဲ့ ရုရှားစစ်တပ် ထောက်ပံ့ရေးလေယာဉ်ဟာ ဧပြီလ ၁ ရက်က  အမေရိကန် နိုင်ငံ နယူးယောက်ရှိ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်ကို ရောက်လာခဲ့ပါတယ်။  ဒါဟာ  ကိုရိုနာဗိုင်းရပ်စ် ပြဿနာကို သမ္မတ နှစ်ဦး ဖုန်းနဲ့  ဆွေးနွေးပြီးနောက် သမ္မတ ပူတင်ရဲ့ လူမှုဆက်ဆံရေး အောင်ပွဲလည်း ဖြစ်ပါတယ်။  နိုင်ငံတွင်း အသက်ရှူစက်နဲ့ PPE ဝတ်စုံပြတ်လပ်တာတွေကို ဖြည့်ဆည်းဖို့  ကြိုပမ်းနေတဲ့ သမ္မတ ထရမ့်ဟာ ပူတင်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါတယ်။   အမေရိကန် အစိုးရကို အရေးပေါ် ကယ်ဆယ်ရေးအကူအညီပေးအပ်တာက ထင်ရှားတဲ့ တိုးတက်မှု ဖြစ်ပါတယ်။   ပုံမှန်အားဖြင့် အမေရိကန်နိုင်ငံဟာ  အကူအညီတွေကို လက်ခံတာထက် ဒုက္ခရောက်နေတဲ့ နိုင်ငံတွေကို ကူညီလှူဒါန်းတာက ပိုများပြားပါတယ်။   အခုလို အကူအညီပေးအပ်တဲ့ အပေါ်မှာ သမ္မတ ထရမ့်ဟာ  ရုရှားသမ္မတ နဲ့ အရောတဝင် ရှိတယ်ဆိုပြီး ဒီမိုကရက်တွေ  တခါထပ် ဝေဖန်ဖို့လည်း အလား အလာရှိပါတယ်။  ရုရှားကနေ အမေရိကန်ကို ပေးအပ်တဲ့ အကူအညီကတော့ အသက်ရှူစက်၊ နှာခေါင်းစည်း၊ အသက်ရှူကိရိယာနဲ့ တခြား ပစ္စည်း စုစုပေါင်း အလေးချိန် တန် ၆၀ ဖြစ်တယ်လို့  အမေရိကန် အရာရှိတဦးက ပြောခဲ့ပါတယ်။     ရုရှားက ပေးအပ်တဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေဟာ အမေရိကန် FDA အဖွဲ့ စံချိန် စံညွန်းနဲ့ကိုက်ညီ၊ မညီ စနစ်တကျ စစ်ဆေးသွားမယ်လို့လည်း အမေရိကန်အရာရှိက ပြောခဲ့ပါတယ်။ 
11 months Ago
Up