အိမ်တွင်းအောင်းနေရတဲ့ ဖိလစ်ပိုင် ဆယ်ကျော်သက်တယောက်ဟာ ဆေးဘက်လုပ်သားတွေကို ကူညီဖို့ ကြိုးစားရင်း သူ့အိမ်ထဲကနေ သရီးဒီ ပုံနှိပ်ပညာကို သုံးပြီး မျက်နှာအကာတွေကို ထုတ်လုပ်နေပါတယ်။
မားကတ်စ်ချူလို့ ခေါ်တဲ့ အသက် ၁၆ နှစ်သားဟာ ခရစ္စမတ်နေ့က လက်ဆောင်ရခဲ့တဲ့ ပရင့်တာကိုသုံးပြီး ကျန်ခဲ့တဲ့သီတင်းပတ်တွေအတွင်း မျက်နှာဖုံးတွေ ဒါဇင်နဲ့ချီပြီး တပ်ဆင်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတိုးနေတဲ့ သူ့နိုင်ငံအတွင်း ကျန်းမာရေးလုပ်သားတွေမှာ တကိုယ်တော်ကာကွယ်ရေးအသုံးအဆောင် PPE တွေ ပြတ်လပ်နေတာကို ကြားအပြီး ခုလို ကူညီဖို့ ဆုံးဖြတ်ခဲ့တာလို့ သူက ပြောပါတယ်။
“နည်းလမ်း သေးသေးလေးပဲ ဖြစ်ဖြစ်၊ အင်မတန် အသည်းအသန် ဖြစ်နေတဲ့ အခြေအနေမှာ ကူညီဖို့အခွင့်အရေး ရတယ်လို့ ခံစားမိတယ်” လို့ ဆယ်ကျော်သက် ကျောင်းသားက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဘောင်တွေ ကိုင်းတွေ လုပ်ပုံလုပ်နည်းကို အွန်လိုင်းကနေ ရှာတွေ့ခဲ့ပြီး ပိုမြန်မြန်ထုတ်နိုင်ဖို့နဲ့ ပစ္စည်းသုံးရပိုနည်းဖို့ ဒီဇိုင်းပုံစံကို ညှိနှိုင်းပြီး ပြန်ပြောင်းခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
သူ့မိသားစုဟာ မြို့တော်မနီလာက ဆေးရုံ လေးရုံကို မျက်နှာဖုံးတွေ လှူဒါန်းခဲ့ပြီး လိုအပ်သူတွေကို ကူညီဖို့ ပိုပြီး ထုတ်လုပ်သွားဖို့ စီစဉ်နေပါတယ်။
ဖိလစ်ပိုင်နိုင်ငံထဲမှာ လူဇုန်ကျွန်းမကြီးနဲ့ တခြားမြို့တွေ၊ ခရိုင်တွေ အတော်များများမှာ အိမ်တွင်းအောင်းကြဖို့ ကန့်သတ်ထားပါတယ်။
ဧပြီ ၃ ရက်အထိ ဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၂၆၃၃ ဦးနဲ့ သေဆုံးသူ ၁၀၇ ဦးရှိပြီလို့ သိရပါတယ်။
11 months Ago