ဆေးဆိုင်ပိုင်ရှင်

August 16, 2021

တန့်ဆည်မြို့တွင် ဆေးဆိုင်ပိုင်ရှင်တဦး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့မှာ သြဂုတ် ၁၆ ရက်မနက်ပိုင်းက ဆေးဆိုင်ပိုင်ရှင်တစ်ဦး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက် ၉ နာရီလောက်မှာ တန့်ဆည်မြို့ မေတ္တာမြိုင်ရပ်ကွက်ထဲက  ဇီဝက ဆေးဆိုင်ပိုင်ရှင် ကိုမျိုး ဆိုသူကို အမည်မသိလူ ၃ ဦးက သေနတ်နဲ့ ၃ ချက် လာရောက်ပစ်ခတ်ခဲ့တာကြောင့် အခင်းနေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သူအစ်ကို ကိုကျော်ကျာ်မျိုးက ကြံ့ခိုင်ရေးကနေ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ပြိုင်ခဲ့ပြီး ညီဖြစ်သူ ကိုမျိုးက စစ်တပ်ကို သတင်းပေးတာတွေ လုပ်နေတယ်လို့ဆိုပြီး လာရောက် ပစ်သတ်သွားတာလို့  ဒေသခံတွေရဲ့အဆိုအရ သိရပါတယ်။

ဒီမနက်မှာလည်း တန့်ဆည်မြို့နယ် ဒေါင့်ကြီးကျေးရွာနားမှာ မနက် ၉ နာရီလောက် စစ်ကားနှစ်စီး မိုင်းဆွဲခံရပါတယ်။

4 months Ago
Up