ဆေးစစ်မှုခံယူ

August 11, 2020

ချဲလ်ဆီးမှ ပြောင်းရွှေ့လာသည့်  ဝီလီယံ အာဆင်နယ်တွင် ဆေးစစ်မှုခံယူမည်

ချဲလ်ဆီးကနေ ထွက်ခွာလာခဲ့တဲ့ ဝီလီယံဟာ အာဆင်နယ်အသင်းနဲ့ မကြာခင်မှာ ဆေးစစ်မှုခံယူတော့မယ်လို့ သိရပါတယ်။ ဝီလီယံဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ဩဂုတ် ၉ ရက်က အသင်းပရိသတ်တွေကို နှုတ်ဆက်စာ ရေးသားခဲ့ပါတယ်။ သြဂုတ် ၉ ရက်က အသက် ၃၂ နှစ်ပြည့်သွားတဲ့ ဝီလီယံဟာ မွေးနေ့မှာ အာဆင်နယ် နောက်ခံလူ ဒေးဗစ်လုဇ်နဲ့လည်း ဗွီဒီယိုကော ပြောဆိုခဲ့ပြီး  ဒေးဗစ်လုဇ်က အမြဲတမ်းအတူတူ ဆိုတဲ့ စာကို ဆိုရှယ်မီဒီယာမှာ ရေးတင်ခဲ့ပါတယ်။  ဝီလီယံဟာ မကြာခင်အချိန်မှာ အာဆင်နယ်နဲ့ ဆေးစစ်မှုခံယူပြီး တပတ် လုပ်ခ ပေါင် ၁ သိန်းနဲ့ ၃ နှစ်သက်တမ်း စာချုပ် ချုပ်ဆိုသွားဖို့ရှိတယ်လို့ သိရပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက ချဲလ်ဆီးမှာ ကစားခဲ့တဲ့ ဘရာဇီးသား ဝီလီယံဟာ ပရီးမီးယားလိဂ် ချန်ပီယံ ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ်နဲ့ ယူရိုပါလိဂ်ချန်ပီယံ ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
8 months Ago

January 28, 2020

ကွင်းလယ်သမား အဲရစ်ဆန် ဆေးစစ်မှုခံယူရန် အီတလီကို ရောက်ရှိ

ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်သမား အဲရစ်ဆန်ဟာ အင်တာမီလန်အသင်းမှာ ဆေးစစ်မှုခံယူဖို့ ဇန်နဝါရီ ၂၇ ရက်က အီတလီနိုင်ငံ မီလန်မြို့ကို ရောက်ရှိလာရာမှာ အင်တာမီလန် ပရိသတ်တွေက ကြိုဆိုခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် အဲရစ်ဆန်ဟာ ပရီးမီးယားလိဂ်ကလပ် စပါးကနေ အင်တာမီလန်ကို ပေါင် ၁၇ သန်းနီးပါးနဲ့ ရောက်ရှိလာတာပါ။ အဲရစ်ဆန်ဟာ ဒီနှစ်ရာသီအကုန်မှာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ စပါးအတွက် ပွဲပေါင်း ၂၀ ကစားခွင့်ရထားပြီး ၂ ဂိုး သွင်းယူထားပါတယ်။
1 year Ago
Up