ဆေးစစစ်

A d v e r t i s e m e n t With Us

June 21, 2020

တကျော့ပြန် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ပေကျင်းမြို့နေသူများကို ဆေးစစစ်

တရုတ်နိုင်ငံမြို့တော် ပေကျင်းမှာ ကိုဗစ်-၁၉ ကူးစက်မှု နောက်တကျော့ ဖြစ်လာတာမို့ မြို့နေ ပြည်သူတွေကို ဇွန်လ ၂၀ ရက်က  စပြီး ဆေးစစ်ပေးနေပါတယ်။  ပြီးခဲ့တဲ့တပတ်က ပေကျင်းက လက်ကားဈေးကြီးတခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ နှစ်ဦး စတွေ့ပြီးနောက် ကူးစက်လာတာမို့ မြို့တော်အာဏာပိုင်တွေဟာ လူဦးရေ သန်းနှစ်ဆယ်ရှိတဲ့ မြို့မှာ အားလုံးကို ဆေးစစ်ဖို့ စတင်လုပ်ဆောင်နေတာပါ။  ပေကျင်းမှာ အခုပြန့်ပွားတဲ့နှုန်းဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီမှာ အမြင့်ဆုံးဖြစ်ခဲ့တဲ့ အရေအတွက်ထက်တောင် ကျော်လွန်သွားခဲ့ပါတယ်။ အာဏာပိုင်တွေဟာ အခုအခါမှာ တမြို့လုံးအနှံ့ အစားအသောက်နဲ့ ကုန်စည်တွေ လိုက်ပို့နေရတဲ့ ကုန်ပို့သမား ဒီလီဗရီလူတွေကို စစ်ဆေးဖို့ စတင်ပြင်ဆင်နေပါတယ်။  တရုတ်ပြည်မကြီးမှာ ဇွန် ၁၉ မှာ အတည်ပြုလူနာ ၂၇ ဦး ထပ်တွေ့ခဲ့ပြီး ၄ ယောက်က ပြည်ပကနေ ကူးစက်ခံရတာဖြစ်ပြီး ကျန်တာတွေက ပေကျင်းကို ဝန်းရံထားတဲ့ ဟူဘေပြည်နယ်က ပြည်တွင်းနေ အချင်းချင်း ကူးစက်ခံရတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
8 months Ago
Up