ဆေးခါးကြီးရွက်

July 29, 2021

ကိုဗစ်-၁၉ လူနာများ ကုသရာတွင် ဆေးခါးကြီးရွက်သုံးရန် ထိုင်းအစိုးရ ခွင့်ပြု

ထိုင်းအကျဉ်းဦးစီးဌာနက ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ထောင်သားတွေကို ဆေးပေးအပြီး အောင်အောင်မြင်မြင် နေကောင်းလာတဲ့နောက်မှာ ကိုဗစ်-၁၉  ရောဂါရှင် လူနာတွေကို ကုသရာမှာ ဆေးခါးကြီးရွက်ကို သုံးဖို့ ထိုင်းအစိုးရက ဇူလိုင် ၂၇ ရက်မှာ တရားဝင် ခွင့်ပြုလိုက်ပါတယ်။

ဆေးခါးကြီးရွက်ထဲမှာ ဆဲလ်တွေကို ဗိုင်းရပ်စ်ကနေ ကာကွယ်နိုင်တဲ့ ပစ္စည်းတမျိုး ပါပြီး ပိုးပွားနှုန်းကို လျော့ကျစေနိုင်တယ်လို့ ထိုင်းအစိုးရအဖွဲ့ ဒုပြောခွင့်ရက ပြောပါတယ်။

 အကျဉ်းဦးစီးဌာနက ထောင်သား အယောက် ၁၁၈၀၀ကို ဆေးခါးကြီး ကျွေးခဲ့ရာမှာ သူတို့ထဲက ၉၉ ဒသမ ၀၂ ရာခိုင်နှုန်း နေပြန်ကောင်းလာတယ်လို့ သူက ပြောပါတယ်။

 လူနာတွေဟာ တရက်ကို ဆေးခါးကြီးရွက်အမှုန့် ၁၈၀ မီလီဂရမ် သောက်သုံးသင့်ပြီး အစာ တခါစားပြီးရင် ၆၀ မီလီဂရမ်နှုန်းနဲ့ သောက်သင့်တယ်လို့ အဆင့်မြင့် ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ကြီးဌာနက ပြောထားကြောင်းလည်း အစိုးရ ဒုပြောခွင့်ရက ပြောပါတယ်။

4 months Ago
Up