ဆေးကျောင်းသား

October 26, 2021

တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့်ဆေးကျောင်းသားအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၉၉ ဦးရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လနီးပါးအကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၁၉၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၉၁၉၃ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၀၃၂ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၀၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

အောက်တိုဘာ ၂၄ ရက်မနက် ၉ နာရီဝန်းကျင်က ရှမ်းပြည်နယ်၊ မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ မှ မိုးဗြဲမြို့ လူနေရပ်ကွက်ထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အသက် ၆၀ အရွယ် ဒေါ်မူလွမ်းမှာ ဦးခေါင်းကို လက်နက်ကြီးကျည်စထိမှန်ကာ ကျဆုံးသွားခဲ့ပြီး ကလေး ၂ ယောက်အပါအဝင် အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မှာလည်း အောက်တိုဘာ ၂၄ ရက်ညနေပိုင်းက တိမ်းရှောင်နေတဲ့ သပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ရဲ့ နေအိမ်ကို အကြမ်းဖက် စစ်အုပ်စုတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားတဲ့ သူ့ရဲ့ မရီးဖြစ်သူ ကျောင်းဆရာမ မမေနှင်းအေးကို ပစ်သတ်သွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ချင်းအမျိုးသားတပ်မ တော် ဆေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရန်ကုန်ဆေးတက္ကသိုလ် ၂ ကျောင်းသား ကိုနိုင်ထူးလွင်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့ပြီး ပစ်သတ်ခဲ့ကြောင်း သိရှိရပြီး သူ့ရဲ့ ရုပ်အလောင်းကိုတော့ အောက်တိုဘာ ၂၃ ရက်နေ့က ဖလမ်းမြို့၊ လုံပီးရပ်ကွက်မှာ ပြန် တွေ့ရှိခဲ့ရတယ်လို့ သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ် အသိပေး အကြောင်းကြားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီ လည်း တိုက်ရိုက်ပေးပို့ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

3 months Ago

February 27, 2020

လုံခြုံရေးပိုပေးရန် မက္ကဆီကိုဆေးကျောင်းသားများ တောင်းဆို

မက္ကဆီကို ဆေးကျောင်းသားတွေဟာ ပွေဘလာမြို့ရဲ့ လမ်းတွေအတိုင်း ဖေဖော်ဝါရီ ၂၅ ရက်က ချီတက်ခဲ့ကြပြီး ကျောင်းသားတွေအတွက် လုံခြုံရေး ပိုပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ သူတို့ရဲ့ ကျောင်းနေဖက် သူငယ်ချင်း ၃ ယောက် အသတ်ခံထားရတာကို ဖေဖော်ဝါရီ ၂၄ ရက်က အူဘာ အငှားယာဉ်မောင်းတယောက်က တွေ့ခဲ့အပြီး ခုလို ဆန္ဒပြကြတာပါ။ ရာဇဝတ်မှုအတွက် သံသယရှိသူ ၃ ယောက်ကို ဖမ်းထားပြီးပြီလို့ ရဲက ပြောပါတယ်။ ကားတိုက်မှုကြောင့် ဆေးကျောင်းသား ၃ ယောက် သေဆုံးတာလို့ ရဲတွေက ယုံကြည်ထားပါတယ်။ ဆေးကျောင်းသား ၃ ယောက်ထဲက ၂ ယောက်ဟာ မက္ကဆီကိုနိုင်ငံဆီ ကျောင်းသား ဖလှယ်ရေး အစီအစဉ်နဲ့ ရောက်လာတဲ့ ကိုလံဘီယာနိုင်ငံသားတွေပါ။ “သူက ကလေးအထူးကု ဖြစ်ချင်ခဲ့တာ။ ခုတော့ ကျနော်တို့သူငယ်ချင်း ၃ ယောက် အတူ အထူးကု မဖြစ်နိုင်တော့ဘူး။ သူတို့ ကျနော့်ညီကို ကျနော့်ဆီကနေ ခေါ်ထုတ်သွားပြီ” လို့ ဆေးကျောင်းသား ကီဗင်ဂွန်ဇာလဲ့က ပြောပါတယ်။ “ကျနော်တို့က လူ့အသက်ကို ကယ်ဖို့ လေ့လာနေပေမယ့် ပြောင်းပြန်အနေနဲ့ သူတို့က ကျနော်တို့အပေါ် ခုလို လုပ်တယ်။ ကျနော်တို့အတွက် လုံခြုံရေးပေးဖို့ တောင်းဆိုတယ်”လို့ ဆေးကျောင်းသား ဆာမန်သာစန်ချဲ့ဇ်က ပြောပါတယ်။ မနှစ်က မက္ကဆီကိုနိုင်ငံမှာ လူသတ်မှု စံချိန်တင်ခဲ့ပြီး လူ ၃၄၀၀၀ အသတ်ခံခဲ့ရပါတယ်။  
2 years Ago
Up