ဆေးကုမ္ပဏီ

October 5, 2020

ကိုဗစ်ကာကွယ်ဆေး ရရှိစေရန် ဆေးကုမ္ပဏီများနှင့် ဥရောပသမဂ္ဂ ဆွေးနွေး

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးရရှိဖို့အတွက် ဥရောပသမဂ္ဂက ဆေးကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတယ်လို့ ဥရောပကော်မရှင် အကြီးအကဲ အာဆူလာ ဗွန်ဒါလေယန်က ပြောလိုက်ပါတယ်။ ဥရောပမှာ ကူးစက်မှု စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်နေတယ်လို့လည်း သူက ပြောပါတယ်။ “ကော်မရှင်ဟာ ကြိုတင်ဝယ်ယူရေး သဘောတူညီချက် နှစ်ရပ်ကို အပြီးအပြတ် ဆုံးဖြတ်ချက်ချပြီးပြီ။ နောက်ထပ် ၅ ခုအတွက် ညှိနှိုင်းနေပြီး နောက်ထပ် ကုမ္ပဏီ ၄ ခုနဲ့လည်း ဆွေးနွေးနေတယ်”လို့ သူက ပြောပါတယ်။ ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်က ဥရောပခေါင်းဆောင်တွေနဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောတာပါ။ ဒီနေ့ထိ ဥရောပကော်မရှင်ဟာ ဆာနိုဖီနဲ့ ဂလက်ဇိုစမစ်ကလိုင်းကုမ္ပဏီတို့ မိတ်ဖက်ပြု ထုတ်လုပ်တဲ့ စမ်းသပ်ဆဲ ကာကွယ်ဆေးနဲ့ အက်စ်ထရာဇေနေကာ ကုမ္ပဏီထုတ် စမ်းသပ်ဆဲ ကာကွယ်ဆေးတို့အတွက် ဖြန့်ချိရေး သဘောတူညီချက်ကို ကြေညာပြီးပါပြီ။ မိုဒါနာ၊ ဂျွန်ဆင်အန်ဂျွန်ဆင်၊ ကယူးဝါးဗက်နဲ့ ဘိုင်အိုအန်တက်ခ်တို့က တီထွင်တဲ့ ထိုးဆေးတွေ ရဖို့ ကြိုတင်ဆွေးနွေးခဲ့ပြီးပြီလို့လည်း ဥရောပကော်မရှင်က လူသိရှင်ကြား ကြေညာ ထားပါတယ်။ ခုနစ်ခုမြောက် စမ်းသပ်ဆဲ ကာကွယ်ဆေး နိုဗာဗက်စ်နဲ့လည်း ဆွေးနွေးနေပြီလို့ အီးယူ အကြီးတန်း သတင်းရင်းမြစ်က ရိုက်တာသတင်းဌာနကို အရင်အပတ်က ပြောထားပါတယ်။ ကာကွယ်ဆေး တီထွင်ရာမှာ တိုးတက်မှုတွေဟာ လက်ရှိအကျပ်အတည်းကို ရေရှည်မှာ အဖြေရှာဖို့ အဓိကအချက်လို့ ဗွန်ဒါလေယန်က ပြောခဲ့ပါတယ်။
7 months Ago
Up