ဆော်လမွန်ငါးမျာ

August 11, 2019

ခုန်ပျံ ဆော်လမွန်ငါးများကို ဝက်ဝံညို ဘယ်လိုဖမ်းဆီးလဲ (ရုပ်သံ)

အလက်စကာ အမျိုးသားဥယျာဉ်တခုအတွင်းမှာ ရှိတဲ့ ရေတံခွန်တခုကို ခုန်ကျော်လာတဲ့ ဆော်လမွန်ငါးတွေကို ဝက်ဝံညိုတကောင်က ဖမ်းယူစားသောက်နေတဲ့ သဘာဝပုံရိပ်တွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တခု မကြာသေးခင်က ပေါ်ထွက်လာခဲ့ပါတယ်။  ဒီဗွီဒီယိုကို ကတ်မိုင်အမျိုးသား ဥယျာဉ်တွင်းမှာ ရိုက်ကူးခဲ့တာပါ။ နွေရာသီမှာ ဆော်လမွန်ငါးတွေဟာ ဘရွတ်မြစ်တလျောက်မှာရှိတဲ့ ရေတံခွန်တွေကို အဆန်ခုန်တက်ကြပြီး ဒီငါးတွေကို ဝက်ဝံတွေက ဖမ်းယူစားသောက်လေ့ရှိပါတယ်။  ဒီမြင်ကွင်းတွေကို လာရောက်လည်ပတ်သူတွေဟာ နွေရာသီအချိန်မှာသာ မြင်တွေ့နိုင်တာ ဖြစ်ပါတယ်။  ဒီအမျိုးသားဥယျာဉ်ဟာ ဝက်ဝံညို ပမာဏများစွာရှိတဲ့အတွက် နာမည်ကျော်တဲ့ ဥယျာဉ်တခုလည်း ဖြစ်ပါတယ်။  တနှစ်ကို ဆော်လမွန် ငါးအရေအတွက် ၂၀၀၀၀၀ ကနေ ၄၀၀၀၀၀ အထိ ဘရွတ်မြစ် တလျောက်မှာရှိတဲ့ ရေတံခွန်တွေကို   အောင်မြင်စွာ ခုန်ပျံကျော်လွှားသွားလေ့ရှိတယ်လို့လည်း ဥယျာဉ်ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
Zawgyi Version ခုန္ပ်ံ ေဆာ္လမြန္ငါးမ်ားကို ဝက္ဝံညိဳ ဘယ္လိုဖမ္းဆီးလဲ (႐ုပ္သံ) DVB အလက္စကာ အမ်ိဳးသားဥယ်ာဥ္တခုအတြင္းမွာ ရွိတဲ့ ေရတံခြန္တခုကို ခုန္ေက်ာ္လာတဲ့ ေဆာ္လမြန္ငါးေတြကို ဝက္ဝံညိဳတေကာင္က ဖမ္းယူစားေသာက္ေနတဲ့ သဘာဝပုံရိပ္ေတြကို ႐ိုက္ကူးထားတဲ့ ဗြီဒီယိုဖိုင္တခု မၾကာေသးခင္က ေပၚထြက္လာခဲ့ပါတယ္။ ဒီဗြီဒီယိုကို ကတ္မိုင္အမ်ိဳးသား ဥယ်ာဥ္တြင္းမွာ ႐ိုက္ကူးခဲ့တာပါ။ ေႏြရာသီမွာ ေဆာ္လမြန္ငါးေတြဟာ ဘ႐ြတ္ျမစ္တေလ်ာက္မွာရွိတဲ့ ေရတံခြန္ေတြကို အဆန္ခုန္တက္ၾကၿပီး ဒီငါးေတြကို ဝက္ဝံေတြက ဖမ္းယူစားေသာက္ေလ့ရွိပါတယ္။ ဒီျမင္ကြင္းေတြကို လာေရာက္လည္ပတ္သူေတြဟာ ေႏြရာသီအခ်ိန္မွာသာ ျမင္ေတြ႕ႏိုင္တာ ျဖစ္ပါတယ္။ ဒီအမ်ိဳးသားဥယ်ာဥ္ဟာ ဝက္ဝံညိဳ ပမာဏမ်ားစြာရွိတဲ့အတြက္ နာမည္ေက်ာ္တဲ့ ဥယ်ာဥ္တခုလည္း ျဖစ္ပါတယ္။ တႏွစ္ကို ေဆာ္လမြန္ ငါးအေရအတြက္ ၂၀၀၀၀၀ ကေန ၄၀၀၀၀၀ အထိ ဘ႐ြတ္ျမစ္ တေလ်ာက္မွာရွိတဲ့ ေရတံခြန္ေတြကို   ေအာင္ျမင္စြာ ခုန္ပ်ံေက်ာ္လႊားသြားေလ့ရွိတယ္လို႔လည္း ဥယ်ာဥ္ရဲ႕ တာဝန္ရွိသူေတြက ေျပာပါတယ္။
2 years Ago
Up