ဆော်ဒီကျန်းမာရေးဝန်ကြီး

December 17, 2020

ဆော်ဒီကျန်းမာရေးဝန်ကြီး ဖိုင်ဇာထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံး ထိုးနှံ

ဆော်ဒီနိုင်ငံရဲ့ ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူအဖြစ် ကျန်းမာရေးဝန်ကြီး ဒေါက်တာ တော်ဖစ် အယ်လာဗျာရင်ဟာ  ဒီဇင်ဘာ ၁၇ ရက်က  ဖိုင်ဇာကုမ္ပဏီထုတ် ကာကွယ်ဆေး ထိုးနှံခံခဲ့ပါတယ်။  ဒီဇင်ဘာ ၁၆ ရက်က ဆော်ဒီဟာ ကိုဗစ်ကာကွယ်ဆေး သင်္ဘောပို့ကုန် နှစ်ခု လက်ခံရရှိပါတယ်။   ဆော်ဒီကျန်းမာရေးဝန်ကြီး အယ်လာဗျာရင်က  နိုင်ငံသားတွေနဲ့ နေထိုင်သူတွေကို  ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးအတွက် စာရင်းပေးကြဖို့ တိုက်တွန်းပြီး ဆော်ဒီနိုင်ငံအတွင်း ကိုဗစ်ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးသွားမယ်လို့ ထပ်လောင်းပြောပါတယ်။  ကာကွယ်ဆေး ဘယ်နှလုံး ထိုးရမယ် ဆိုတာနဲ့ ကာကွယ်ဆေး အမျိုးစားကိုတော့ သူက ပြောမသွားခဲ့ပါဘူး။  ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဆော်ဒီကျန်းမာရေး တာဝန်ရှိသူတွေက ဖိုင်ဇာအင်န်ဘိုင်အိုတက်ခ် ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးကို တင်သွင်း အသုံးပြုဖို့ စာရင်းသွင်းခဲ့ပါတယ်။   ဆော်ဒီပိုင် အယ်အာရေးဘီးယား ရုပ်သံကလည်း ဆော်ဒီဟာ ဖိုင်ဇာအင်န်ဘိုင်အိုတက်ခ် ကိုဗစ်ကာကွယ်ဆေးတွေ လက်ခံရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၁၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။  
1 year Ago
Up