ဆောမြို့

March 2, 2020

ဆောမြို့နယ်တွင် ရှေးဟောင်းပစ္စည်းဟုယူဆရသည့် ကြေးလင်ပန်း ၁၂ ချပ်တွေ့ရှိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်က ရင့်ရဲကျေးရွာမှာ ကျေးရွာဖွံ့ဖြိုးရေးအတွက် ရေမြောင်းတူးဖော်ရာမှ ရှေးဟောင်းပစ္စည်းလို့ ယူဆရတဲ့ ကြေးလင်ပန်း ၁၂ ချပ်တွေရှိခဲ့တယ်လို့ ကျောက်ထုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ လူထုဗဟိုပြု CDD စီမံကိန်းက ရွာသစ် ကျေးရွာအတွင်း ရေမြောင်းတူးဖော်ရာကနေ တွေ့ရှိခဲ့တာလို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောပါတယ်။ ၁၅ လက်မအရွယ် ၂ ချပ်၊ ၁၄ လက်မ ၄ ချပ်၊ ၁၃ လက်မ အရွယ် ၃ ချပ်၊ ၁၂ လက်မ ၃ ချပ်စု စုပေါင်း ပေါင်း ၁၂ ချပ် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ကျေးလင်ပန်း အားလုံး အလေးချိန် စုစုပေါင်း ၈ ပိဿာခွဲလောက်ရှိပြီး အဲဒီကျေးရွာက အုပ်ချုပ်ရေးမှူးထံမှာ သိမ်းဆည်းထားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားလူဝင်ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန ဝန်းကြီးထံ တင်ပြထားကာ လာရောက်ကြည့်ရှု စစ်ဆေးသွားမယ်လို့ သိရပါတယ်။ အဆိုပါပစ္စည်းတွေကို ဖေဖော်ဝါရီ ၂၉ ရက် ညနေပိုင်းက တူးဖော်တွေ့ရှိခဲ့တာ။ ရင့်ရဲကျေးရွာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ လောက် တည်ဆောက်ခဲ့တလို့ သိရပါတယ်။ ကိုလင်း(ချောက်)
1 year Ago
Up