ဆောဒီ

January 2, 2022

ဆောဒီတွင် နှစ်သစ်ကူးကို မီးရှူးမီးပန်းဖောက် ကြိုဆို

ဆော်ဒီအာရေဗျနိုင်ငံမှာ  ကိုဗစ်-၁၉ ကြောင့် မနှစ်က အခမ်းအနားကျင်းပတာတွေကို ရပ်ထားခဲ့ပြီးနောက် နှစ်သစ်ကူးညက လူတွေ စည်စည်ကားကား ပြန်သွားလာပြီး မီးရှုးမီးပန်းတွေ ပစ်လွှတ်ခဲ့ပါတယ်။ 

စားသောက်ဆိုင်၊ စတိုးဆိုင်နဲ့ ဂိမ်းဆိုင်တွေ အများအပြားရှိတဲ့ ရီယာဒ်မြို့တော်လမ်းမ Riyadh City Boulevard မှာ လူတွေ စုဝေးပြီး နှစ်သစ်ကို ကြိုဆိုခဲ့ကြတာပါ။

လူငယ်အများစုက နိုင်ငံခြားတိုင်းပြည်တွေမှာလိုပဲ နှစ်သစ်ကို စိတ်လှုပ်ရှား ပျော်ရွှင်နေကြပေမဲ့ ဖြတ်သွားဖြတ်လာ လူအချို့ကတော့ အစ္စလာမ်ယဉ်ကျေးမှုသန္ဓေတည်ရာ  ဘုရင့်နိုင်ငံမှာ အနောက်တိုင်း လူမှုပုံစံတွေ လိုက်လုပ်နေတာ နှစ်မြို့ပုံမရပါဘူး။

ခါလိဒ် အယ်လ် အာမိုဒီ ဆိုသူကတော့  နှစ်သစ်ကူးပွဲလုပ်တာကို ဘာသာရေးရှုထောင့်အရတော့ လက်မခံဘူး၊ ဆော်ဒီနိုင်ငံအတွက် စီးပွားရေးအကျိုးသက်ရောက်မှုရှိမယ်ဆိုရင်တော့ လုပ်ကြပါလို့ ပြောပါတယ်။

11 months Ago

January 10, 2021

ကာတာက ဆောဒီနိုင်ငံကို ကားတင်ပို့မှု ပြန်စ

ကာတာနိုင်ငံက ကားတွေ ကုန်းတွင်းနယ်စပ်စခန်းကနေ ဖြတ်သန်းပြီး ဆော်ဒီအာရေဗျ နိုင်ငံထဲကို ဇန်နဝါရီ ၉ ရက်ကစပြီး ရောက်လာနေပါတယ်။  ၂၀၁၇ နှစ်လည်မှာ ၂ နိုင်ငံ သံတမန်ဆက်ဆံရေးနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဆက်ဆံရေး တွေ ဆိုးဆိုးရွားရွား ပြတ်တောက်ခဲ့ပြီး ဒီသီတင်းပတ်ထဲမှာ ဆက်ဆံရေး ပြန်စခဲ့တဲ့နောက် ခုလို ရောက်လာတာလည်း ဖြစ်ပါတယ်။  ကာတာနိုင်ငံက အကြမ်းဖက်ဝါဒကို ထောက်ပံ့နေတယ်လို့ အခိုင်အမာ ပြောရင်း ဆော်ဒီအာရေဗျ အာရပ်စော်ဘွားများ ပြည်ထောင်စုနဲ့ အီဂျစ်နိုင်ငံတို့က ကုန်းကြောင်း ပင်လယ် ရေကြောင်းနဲ့ လေကြောင်း ဆက်သွယ်ရေးကို ၂၀၁၇ မှာ ပိတ်ဆို့ခဲ့ပါတယ်။  စွဲချက်ကို ကာတာခေါင်းဆောင်တွေက ငြင်းခဲ့ပါတယ်။  ဆက်ဆံရေးပြန်စဖို့ ဆော်ဒီ မြို့တော် ရိယာ့ဒ်မှာ ကျင်းပတဲ့ ထိပ်သီးညီလာခံ အတွင်း ဇန်နဝါရီ၅ရက်က သဘောတူညီချက် ရခဲ့ပါတယ်။  ခရီးသွားလာရေးနဲ့ ကုန်သွယ်ရေး ပြန်စနိုင်ဖို့ သဘောတူ ခဲ့ပေမယ့် သံတမန် ဆက်ဆံရေး  ပြန်စဖို့ကိုတော့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ဆောင်ဖို့ အချိန်ပိုယူရ နိုင်တယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။  ဆော်ဒီ ကာတာကုန်းကြောင်း နယ်စပ်စခန်း ၂ဖက်စလုံးမှာ ကိုရိုနာဗိုင်းရပ်စ် မူကွဲသစ် ပျံ့နှံ့မှု ထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေကို ဆောင်ရွက်မယ်လို့လဲ ကြေညာ ပါတယ်။  အဘူ စာမာရာစခန်းကနေ ကာတာနိုင်ငံထဲကို ရောက်လာသူ အားလုံးဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကင်းရှင်းကြောင်း စစ်ဆေးချက်ကို တင်ပြနိုင်ရမှာ ဖြစ်ပြီး ရွေးချယ်ထားတဲ့ ဟိုတယ်တွေမှာ ရောဂါ ခြေချုပ်နဲ့ သီတင်းပတ် တပတ်ကြာ နေရမယ်လို့ ကာတာ သတင်းဌာနက အစီရင်ခံပါတယ်။  အာရပ် လေးနိုင်ငံ နဲ့ ကာတာနိုင်ငံကြား လေကြောင်းခရီးစဉ် ပြန်စတာတော့ မရှိသေးပါဘူး။ ကာတာလေကြောင်းလိုင်းက ဆော်ဒီလေပိုင်နက်ကို ဖြတ်ပြီး လေကြောင်းခရီးစဉ် တချို့ကို ဇန်နဝါရီ ၇ ရက်က စတင်ခဲ့ပါတယ်။  အာရပ်စော်ဘွားများ ပြည်ထောင်စုရဲ့ အိတိဟဒ်လေကြောင်းလိုင်းကတော့ အဘူဒါဘီ မြို့တော်နဲ့ ကာတာမြို့တော် ဒိုဟာကြား လေကြောင်းခရီးစဉ်တွေ ပြန်စနိုင်ရေး ရည်မှန်းထား တယ်လို့ ပြောခွင့်ရ တဦးက စနေနေ့မှာ ပြောခဲ့ပါတယ်။
2 years Ago
Up