ဆောင်းမုန်တိုင်းသတိပေး

October 25, 2019

ကော်လိုရာဒိုတွင် ဆောင်းမုန်တိုင်းသတိပေးချက် ထုတ်ပြန်

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ဒေါက်ဂလက်စ်ဒေသမှာ အောက်တိုဘာ ၂၄ ရက်နေ့က ဆီးနှင်းတွေ  ထူထူထပ်ထပ်ကျဆင်းနေပြီး အာဏာပိုင်တွေက ဆောင်းမုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။  ညသန်းခေါင်ယံအချိန်မှာ ကော်လိုရာဒိုပြည်နယ်ရဲ့ ဒေသတချို့မှာ ၈ လက်မ အထူအထိ ဆီးနှင်း ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  ဆီးနှင်းတွေ ကျနေတာကြောင့် မြင်ကွင်းတွေလည်း ဝေဝါးနေသလို လမ်းတွေချော်နေလို့ သွားလာရေးလမ်းကြောင်းတွေ အခက်အခဲ ဖြစ်ခဲ့ပါတယ်။  အရုဏ်တက်ချိန်မှာတော့ အအေးမှတ်ဟာ အနုတ် ၆ ဒဿမ ၆ ဒီဂရီ ဆဲလ်စီးယပ် ဝန်းကျင်အထိ ကျဆင်းနိုင်တယ်လို့ ရာသီဥတုခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။
2 years Ago
Up