တိုက်စစ်မှူးတွေကို ရောင်းချပြီး ခံစစ်မှူးတွေကိုပဲခေါ်ယူခဲ့တဲ့ ချဲလ်ဆီးအသင်းကို ဘောလုံး ကျွမ်းကျင်သူ ဂရေမီဆောင်းနက်စ်ကဝေဖန်သွားပါတယ်။
ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး လူကာကူနဲ့ ဟတ်ဆန်အိုဒွိုင်းတို့ကို အငှားချခဲ့ပြီး တီမိုဝါနာ နဲ့ဘတ်ရူအာယီကို အပြီးသတ်ရောင်း ချခဲ့တာပါ။
မနေ့ညကကစားခဲ့တဲ့နော်တမ်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့ပြီးနောက်မှာ ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့စီမံခန့်ခွဲမှုအပေါ် ဆောင်းနက်စ်ကမေး ခွန်းထုတ်သွားခဲ့တာပါ။
“တီမိုဝါနာနဲ့ လူကာကူတို့ကို ရောင်းချပြီး ခံစစ်မှူးသုံးယောက်အတွက် ပေါင်သန်း ၁၇၀ သုံးခဲ့တယ်ဆိုတာက ရူးများသွားသလားထင်မိတယ်။ ငွေတွေပေါလို့ တတ်နိုင်တယ်ဆိုရင်တော့ တိုက်စစ်မှူးတွေရောင်းချပြီး ထပ်ဝယ်ဖို့လိုတာပေါ့။ ဒါပေမဲ့ သူတို့မှာဂိုးသွင်းပေးမယ့်သူမရှိဘူး။ ခိုင်ဟာဗက်ဇ်က ချဲလ်ဆီးတိုက်စစ်အတွက် အဖြေမဟုတ်သေးပါဘူး”လို့ စကိုင်းစပေါ့ရုပ်သံကနေ ဂရေမီဆောင်းနက်စ်က ဝေဖန်ခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ လူငယ်တိုက်စစ်မှူးဘရိုဂျာကိုပြန်ခေါ် ခဲ့ပေမယ့် ဒဏ်ရာကြောင့် အနားယူနေရသလို အူဘာမီယန်းကလည်း ခြေစွမ်းကျဆင်းနေတာဖြစ်ပါတယ်။