ဖာဂူဆန်ဆီကရရှိတဲ့ မက်ဆေ့ချ်တစောင်က နည်းပြဘဝကို ပြောင်းလဲပေးနိုင်ခဲ့တယ်လို့ ဆောက်သမ်တန်နည်းပြ ဟက်ဆန်က ပြောလိုက်ပါတယ်။
ဆောက်သမ်တန်အသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်က လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၉ ဂိုး ဂိုးမရှိနဲ့ အရှက်ရ ဖွယ်ရှုံးနိမ့်ခဲ့တာပါ။
အဲဒီပွဲစဉ်အပြီးမှာ မန်ယူနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က နည်းပြ ဟက်တန်ဟက်တယ်ဆီကို အားပေးတဲ့အနေနဲ့ ခွန်အားဖြစ်စေမယ့် မက်ဆေ့ချ် တစောင်ပို့ခဲ့ တာဖြစ်ပါတယ်။
အဲဒီ မက်ဆေ့ချ်လက်ခံရရှိခဲ့တဲ့အချိန်ကို အမြဲတမ်းသတိရနေပြီး အတွေ့အကြုံရှိတဲ့ နည်းပြတစ်ဦးအဖြစ် ပြောင်းလဲပေးခဲ့တယ်လို့ နည်းပြ ဟက်တန်ကပြောပါတယ်။
အဲဒီ မတိုင်ခင်က နည်းပြဟောင်းဖာဂူဆန်နဲ့ သိကျွမ်းခြင်းမရှိခဲ့ဘဲ ၉ ဂိုးပြတ်နဲ့ လက်စတာကို ရှုံးခဲ့လို့သာ ဖာဂူဆန်နဲ့ အဆက်အသွယ်ရှိခဲ့တာဖြစ်တယ်လို့လည်း ဆောက်သမ်တန်နည်းပြက ပြောပါတယ်။
10 months Ago