ဆောက်လုပ်ရေး ဝန်ချီစက်

October 22, 2019

နယူးအော်လင်းပြည်နယ်က ဆောက်လုပ်ရေး ဝန်ချီစက် ၂ ခုကိုဖောက်ခွဲဖျက်ဆီး

အမေရိကန်ပြည်ထောင်စု၊ နယူးအော်လင်းပြည်နယ်က တစိတ်တပိုင်း ပြိုကျနေတဲ့ ဟာ့ဒ်ရော့ခ်ဟိုတယ်မှာ ပျက်စီးနေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ဝန်ချီစက် ၂ ခုကို အောက်တိုဘာ ၂၀ ရက် ထိန်းချုပ်ဖောက်ခွဲခဲ့ပါတယ်။ မဖြိုချခင်မှာ အနားဝန်းကျင်က လူတွေ၊ ပစ္စည်းတွေကို ဘေးကင်းရာ ကြိုရွှေ့ထားခဲ့ပါတယ်။ ဒီစီမံကိန်းဟာ မြို့ရဲ့ ပြင်သစ်ရပ်ကွက် အစွန်မှာ ရှိတာပါ။ သမိုင်းဝင် အဆောက်အဦတွေကို မထိခိုက်စေဘဲ ဝန်ချီစက်တွေကို ဖျက်ဆီးဖို့ အာဏာပိုင်တွေက မျှော်လင့်ထားတယ်လို့ အရာရှိတွေက သတင်းထောက်တွေကို ပြောပါတယ်။
2 years Ago
Up