စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အခြေအနေအကောင်းဘက် လှည့်လာတာမို့ ဆောက်လုပ်ရေးနဲ့ ထုတ်လုပ်ရေး အပါအဝင် လုပ်ငန်းတချို့ကို ပြန်လည်ပတ်ခွင့်ပြုလိုက်ပါပြီ။
နိုင်ငံတွင်းရှိ ပြည်သူတွေကို တလကျော်ကြာ အိမ်တွင်းအောင်းခိုင်းတဲ့ ကန့်သတ်ချက်တချို့ စဖြေလျှော့နေတာမို့လည်း ဧပြီ ၁၃ ရက်က ဆောက်လုပ်ရေးလုပ်သားတွေ လုပ်ငန်းခွင် ပြန်ဝင်နေပါတယ်။
မြို့တော်မက်ဒရစ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ လုပ်သားတွေ နှာခေါင်းစည်း တပ်ထားတာကို တွေ့ရပါတယ်။
စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧပြီလ ၁၃ ရက်အထိ သေဆုံးသူ ၁၇,၀၀၀ ကျော် ရှိပြီး ကူးစက်သူက ၁၇၀,၀၀၀ နီးပါး ရှိပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေကို ပြန်လည်ပတ်ခွင့်ပြုပေမယ့် နိုင်ငံလူဦးရေ အများစုကတော့ အိမ်ထဲမှာ ဆက်နေရဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဈေးဆိုင်တွေ၊ ဘားတွေနဲ့ အများပြည်သူဆိုင်ရာ နေရာတွေကို ဧပြီ ၂၆ ရက်အထိ ဆက်ပိတ်ထားမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
11 months Ago