ရန်ကုန်မြို့ ဆူးလေ လမ်းမပေါ်မှာ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ လူငယ်တွေက နို၀င်ဘာ ၁၈ ရက် ဒီနေ့ ညပိုင်းက မီးတုတ်သပိတ် ပြုလုပ်ဆန္ဒပြခဲ့ကြပါတယ်။
Photo - MPA
ရန်ကုန်မြို့ လှည်းတန်းနဲ့ မြေနီကုန်းမှာ ဒီနေ့မနက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရပ်ကွက်တွေထဲထိ လိုက်လံဖမ်းဆီးတာတွေ၊ အကြမ်းဖက် ရိုက်နှက်တာ၊ သတင်းထောက်တွေကိုပါ ဖမ်းဆီးနေတဲ့ သတင်းတွေကြောင့် ဆန္ဒဖော်ထုတ်နေတဲ့ အုပ်စုတစ်ချို့ကတော့ ကြိုပြီး လူစုခွဲလိုက်ပါတယ်။
ဒါပေမဲ့ ဆူးလေရှန်ဂရီလာဟိုတယ်အရှေ့ဘက်မှာတော့ စစ်အာဏာရှင်စနစ် အလိုမရှိတဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူတွေကတော့ ကိုယ်အုပ်စုနဲ့ကိုယ် ရှိနေပါသေးတယ်။