ဆူလာဝေစီကျွန်း

A d v e r t i s e m e n t With Us

January 20, 2021

အင်ဒိုနီးရှား မြေငလျင်ကြောင့် သေဆုံးသူ ၉၀ အထိရှိလာ

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လှုပ်ခဲ့တဲ့ မြေငလျင်ကြောင့် သေဆုံးသူ အယောက် ၉၀ ရှိလာပါတယ်။  ဇန်နဝါရီ ၁၉ ရက်မှာ သမ္မတ ဂျိုကိုဝီဒိုဒိုက မြေငလျင်ကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အစိုးရက ပြန်တည်ဆောက်ပေးသွားမယ်လို့ ပြောပါတယ်။  သမ္မတ ဝီဒိုဒိုဟာ မြေငလျင်ဒဏ်သင့် မန်မူဂျူမြို့ကို သွားရောက်ခဲ့ပြီး အကူအညီ လိုအပ်သူတွေကိူ ကူညီပေးသွားမယ်လို့ ပြောပါတယ်။  အတော်ကြီး ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် ထောက်ပံ့ကြေး ရူပီးယား သန်း ၅၀၊ အတန်အသင့်နဲ့ အနည်းငယ်ပျက်စီးတဲ့ နေအိမ်တွေအတွက် ရူပီးယား ၂၅ သန်းနဲ့ ၁၀ သန်း အသီးသီး အစိုးရက ပေးသွားမှာ ဖြစ်ပါတယ်။ မြေငလျင်သင့် မမ်မူဂျူနဲ့ အနီးဝန်းကျင်မာဂျယ်နီမြို့က လူ ၁၀၀၀၀ နီးပါးကို ဘေးလွတ်ရာ ပြောင်းပေးခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေး ပူးတွဲတပ်ဖွဲ့ စစ်ဘက်တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောဆိုပါတယ်။  နေထိုင်သူအတော်များများဟာ အနီးဝန်းကျင် ပါရယ်ပါရီမြို့ဆီ ထွက်ပြေးကြတယ်လို့လည်း သူက ဆိုပါတယ်။ ပစိဖိတ်မီးကွင်းပေါ်တည်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မကြာခဏ မြေငလျင်ဒဏ် ကြုံတွေ့ရပြီး ၂၀၁၈ ခုနှစ်က ဆူလာဝေဆီကျွန်း ပါလူမြို့မှာ လှုပ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၅ ရှိ ငလျင်နဲ့ ဆူနာမီကြောင့် လူပေါင်းထောင်ချီ သေဆုံးပါတယ်။
1 month Ago
Up