ဆူမိုနပန်းပွဲ

A d v e r t i s e m e n t With Us

May 23, 2019

သမ္မတ ထရမ့် ဂျပန်ရိုးရာ ဆူမိုနပန်းပြိုင်ပွဲ ကြည့်ရှုပြီး အနိုင်ရသူကို ထရမ့်ဆု ချီးမြှင့်မည်

ဂျပန်ခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျပန်ရိုးရာ ဆူမိုနပန်း တံခွန်စိုက်ပြိုင်ပွဲကို  လာရောက်အားပေးမှာဖြစ်ပြီး အနိုင်ရသူကို ထရမ့်ဆု ချီးမြှင့်မယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆူမိုနပန်း ပရိသတ်တချို့ကတော့ ပွဲကြည့်ရာမှာ သမ္မတ ထရမ့်ကို တခြားပရိသတ်တွေနဲ့ အတူတူ ကြမ်းတပြေးတည်း ထိုင်ဖို့ ဆန္ဒရှိနေကြတာပါ။ မေလ ၂၆ ရက်နေ့ နွေရာသီ ဂရင်းဆူမို တံခွန်စိုက်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ် ၃ ပွဲကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့အတူ သမ္မတ ထရမ့် ကြည့်မယ်လို့ မျှော်လင့်ရပြီး အနိုင်ရသူကို သမ္မတ ထရမ့်ကိုယ်တိုင် ထရမ့် တံခွန်စိုက်ဆုဖလား ချီးမြှင့်ပေးမှာပါ။ “ဆူမိုနပန်းဟာ ဂျပန်ရိုးရာယဉ်ကျေးမှု ဖြစ်ပါတယ်။ ဆူမိုနပန်းမှာ အနိုင်အရှုံးက အဓိက မကျပါဘူး။ နပန်းပွဲကို သမ္မတ ထရမ့် လာအားပေးပြီး ကိုယ်တိုင် တံခွန်စိုက်ဖလား ချီးမြှင့်မယ်ဆိုတာ ကောင်းပါတယ်ဗျ။ အဲဒီအတွက် နပန်းသမားတွေဟာ ဘယ်လိုဖိအားမျိုးကိုမှ ခံစားရမှာ မဟုတ်ပါဘူး။ သူတို့တွေ အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ ကျနော် ယုံကြည်ပါတယ်” လို့ နီပွန်အားကစားသိပ္ပံ တက္ကသိုလ်မှ ဆူမိုနပန်းနည်းပြ ကာဇူအို စိုင်တိုက ပြောပါတယ်။ ဒါပေမယ့် ဒီနပန်းပွဲမှာ သမ္မတ ထရမ့်ဟာ တင်ပျဉ်ခွေ ထိုင်ကြည့်မယ့်အစား ထိုင်ခုံနဲ့ ထိုင်အားပေးဖို့ ရှိပါတယ်။ ဒီလိုမျိုး သမ္မတ ထရမ့်ကို အထူးတလယ် ဆက်ဆံတဲ့အပေါ်မှာ ဆူမိုနပန်းပရိသတ်တချို့က ဘဝင်မကျလှပါဘူး။ သူတို့က သမ္မတ ထရမ့်ကို သူတို့နဲ့အတူ ကြမ်းတပြေးတည်း ထိုင်စေလိုတာပါ။ ဆူမိုနပန်းပရိသတ်တဦးဖြစ်တဲ့ မိုအဲကို ခါတာယာမက “သမ္မတထရမ့်ကို ဂျပန်လူမျိုးတွေ နပန်းပွဲကြည့်သလို ကြည်စေ့ချင်ပါတယ်” လို့ ပြောပါတယ်။ “တခြားနိုင်ငံကလူတွေလည်း လာကြည့်ကြမှာလေ။ ကြမ်းပြင်ပေါ်မှာ သမ္မတထရမ့် မထိုင်ချင်တာကို နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် ကျန်တဲ့သူတွေက ကြမ်းပြင်ပေါ် ထိုင်ကြည့်ကြမှာလေ။ သမ္မတထရမ့်ကျမှ အရေးတယူ လုပ်တာမျိုးတော့ ကျမ မကြိုက်ဘူး။ သူ့နောက်ကလူတွေ နပန်းပွဲမမြင်ရမှာကို ကျမ စိတ်ပူတယ်။ ကျမကတော့ ထရမ့်ကို ဂျပန်ရိုးရာ အစဉ်အလာ လိုက်နာစေချင်တယ်။ လူတွေပြောသလိုပေါ့ ရောမရောက်ရင် ရောမလို ကျင့်ရမယ်ဆိုတာလေ” လို့လည်း ဆူမိုနပန်းပရိသတ် အီကုမိ ချီဘက ပြောပါတယ်။ နပန်းပွဲကြည့်နေရာ ၁၁,၀၀၀ ရဲ့ ရှစ်ပုံတပုံကို သမ္မတထရမ့်၊ ဝန်ကြီးချုပ် အာဘေးနဲ့ သူတို့ လုံခြုံရေးအဖွဲ့တွေအတွက် ဖယ်ထားပါတယ်။ နောက်ပြီး သာမန်ပွဲကြည့်ပရိသတ်တွေဟာ လုံခြုံရေး စစ်ဆေးတာတွေ ခံယူရမယ်လို့လည်း မီဒီယာတွေက ဖော်ပြကြပါတယ်။
2 years Ago
Up