ဆူပါကပ်

August 2, 2015

ဝှဖ်ဘတ် က ဘိုင်ယန်ကို အနိုင်ယူပြီး ဆူပါကပ် ဗိုလ်စွဲ

သြဂုတ် ၁ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမနီ ဆူပါကပ်ပြိုင်ပွဲမှာ ဘွန်ဒစ်လီဂါက ၀ှဖ်ဘတ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ၆ ဂိုး ၅ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပြီး ဒုတိယပိုင်းမှာ ဘိုင်ယန်က ရော်ဘင်က ဒုတိယပိုင်း ၄၉ မိနစ်မှာ အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့် ၀ှဖ်ဘတ်က ဘန်တနာက ပွဲပြီးခါနီး ၈၈ မိနစ်မှာ ချေပဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်က အသစ်ခေါ်ထားတဲ့ ကွင်းလယ်သမား ဗီဒယ် ၀င်ရောက်ကစားခဲ့သလို ပင်နယ်တီမှာ ၁ ဂိုးသွင်းယူခဲ့ပါတယ်။ ပွဲကစားချိန်အတွင်း တဖက် ၁ ဂိုးစီသရေကျတဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာတော့ ၀ှဖ်ဘတ်အသင်းက ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ဘိုင်ယန်အသင်းက အလွန်ဆို ကန်သွင်းတဲ့ ပင်နယ်တီကို ၀ှဖ်ဘတ် ဂိုးသမား ကာကွယ်သွားပြီး ဆူပါကပ်မှာ ဗိုလ်စွဲသွားတာ ဖြစ်ပါတယ်။ ဆူပါကပ်ဟာ ဘွန်ဒစ်လီဂါမှာ ဗိုလ်စွဲတဲ့ အသင်းနဲ့ ဒီအက်ဖ်ဘီ ဗိုလ်စွဲတဲ့ အသင်းတို့ ယှဉ်ပြိုင်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ဒေါ့မွန်အသင်းက အအောင်မြင်ဆုံးဖြစ်ခဲ့ပြီး ၅ ကြိမ် ဗိုလ်စွဲထားသလို ဘိုင်ယန်ကတော့ ၄ ကြိမ်နဲ့ ၂၀၁၂ ခုနှစ်မှာ နောက်ဆုံးဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။  
6 years Ago
Up