ဆူနာမီလှိုင်း

March 3, 2019

လမ်းပိတ်ရသည်အထိ တရိပ်ရိပ်မြင့်တက်လာသည့် ဆူနာမီလှိုင်းပုံစံ ရေခဲထုကြီး (ရုပ်သံ)

ရေစီးအားနဲ့ ပြင်းထန်တဲ့လေတိုက်နှုန်းတို့ ပေါင်းစပ်လိုက်မှုကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ကနေရာနိုင်ငံ ဖို့ထ်အီရီမြို့မှာရှိတဲ့ နိုင်ရာဂါရာမြစ်ပတ်လမ်းဘေးမှာ ရေခဲတွေ ဆူနာမီရေလှိုင်းတွေလို အလိပ်လိုက် ပေါ်ထွက်လာမှုဖြစ်ပွားခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြပါတယ်။ နိုင်ရာဂါရာပန်းခြံ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုဖိုင်တွေမှာလည်း အီရီရေကန်ကနေ လှိုင်းပုံစံရေခဲတွေ အလိပ်လိပ် အလိပ်လိပ်လိုက်မြင့်တက်လာပြီး လမ်းတလျောက် ရေခဲထုကြီးတခု ပေါ်ပေါက်လာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုမျိုး ဖြစ်တောင့်ဖြစ်ခဲဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တဦးကတော့ ဒါကို “Ice Tsunami” လို့ အမည်ပေးခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ဖြတ်သန်းသွားလာသူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကန်ဘေး လျှောက်လမ်းကို ခေတ္တပိတ်ထားခဲ့တယ်လို့လည်း သိရပါတယ်။
2 years Ago
Up