ဆူနာမီရေလှိုင်

November 1, 2020

တူရကီနိုင်ငံ အစ်ဇ်မီယာမြို့တွင် အသေးစားဆူနာမီရေလှိုင်းများ ရိုက်ခတ်

တူရကီနိုင်ငံနဲ့ ဂရိနိုင်ငံမှာ အင်အား ရစ်ချ်တာစကေး ၆.၆ ရှိတဲ့ ငလျင်လှုပ်ခတ်အပြီး အသေးစား ဆူနာမီရေလှိုင်းတွေ တူရကီနိုင်ငံ အစ်ဇ်မီယာ မြို့ကို ရိုက်ခတ်ခဲ့ပါတယ်။  ငလျင်ဟာ အဇ်မီယာခရိုင်ရဲ့ ကမ်းလွန် ၁၁ မိုင်အကွာ အေဂျီယံပင်လယ်အတွင်း မြေအောက် အနက် ဆယ်မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာပါ။ ငလျင်ဒဏ်ကို ဂရိမြို့တော် အေသင်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံအထိ ခံစားခဲ့ရပါတယ်။  ငလျင်အပြီး မိနစ်ပိုင်းအတွင်း ပင်လယ်ရေဟာ လေးပေခွဲထိ တက်ခဲ့လို့ ကမ်းရိုးတန်း ခရိုင်တွေက ဆိုင်တွေ စားသောက်ဆိုင်တွေ လမ်းတွေ ရေအောက် မြုပ်ခဲ့ပါတယ်။  တူရကီနိုင်ငံ အနောက်ပိုင်းမှာ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၃၅ ယောက်ထက် မနည်း သေဆုံးပြီး လက်တွန်းလှည်း သုံးနေရတဲ့ မသန်စွမ်းတယောက် ဆူနာမီကြောင့် ရေနစ် သေဆုံးပါတယ်။  လူအယောက် ၈၀၀ ကျော် ဒဏ်ရာရပြီး အပျက်အစီးတွေကြားမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လုပ်နေတယ်လို့ သိရပါတယ်။
2 years Ago
Up