ဂျပန်နိုင်ငံ အရှေ့မြောက်ဘက်မှာ မတ် ၁၆ ရက် ညသန်းခေါင်က ပြင်းအားပမာဏ ၇ ဒသမ ၃ ရှိ အင်အားကြီးငလျင် လှုပ်ခတ်ခဲ့တာကြောင့် လူ ၁ ဦး သေဆုံးပြီး ၈၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
ငလျင်ဗဟိုချက်ကနေ တိုကျို အရှေ့မြောက်ဘက် ကမ်းရိုးတမ်း မိုင် ၁၇၀ အထိ လှုပ်ခတ်ခဲ့ပြီး လူနေအိမ် ၂ သန်းကျော် မီးပြတ်တောက်သွားပါတယ်။
ဂျပန်ငလျင်စောင့်ကြည့်ရေးဌာနက ဖူကူရှီးမား ဒိုင်ချီ နျူကလီးယား လျှပ်စစ်ဓာတ်ပေါင်းဖိုနဲ့ တခြားဓာတ်ပေါင်းဖိုတွေ ပုံမှန်ရှိမရှိ အရေးပေါ်စောင့်ကြည့်ဖို့ သတိပေးထားပါတယ်။
အဆိုပါ ဓာတ်ပေါင်းဖိုတွေက ၂၀၁၁ ခုနှစ်မှာ ပြင်းအားပမာဏ ၉ ရှိတဲ့ ငလျင်ကြောင့် ဆူနာမီလှိုင်း ရိုက်ခတ်မှု ခံခဲ့ရတာပါ။
ဒီနေ့မှာ အစိုးရက ဆူနာမီလှိုင်း ၃ ပေကျော်ထိ မြင့်တက်မယ်လို့ သတိပေးချက် ထုတ်ပြန်ထားပြီး အချို့နေရာတွေမှာ ရေလှိုင်း ၈ လက်မလောက် မြင့်တက်လာနေပါတယ်။
ပစိဖိတ်ကျွန်းနိုင်ငံငယ်လေးတွန်ဂါရဲ့ ကမ်းလွန်ဒေသမှာ ဇန်နဝါရီ ၁၅ ရက် ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့် ကြီးမားတဲ့လှိုင်းလုံးတွေ ဖြစ်ခဲ့ပြီး ဂျပန်၊ ဩစတြေးလျနဲ့ တောင်ပစိဖိတ်ကျွန်းနိုင်ငံ အများအပြားမှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
တွန်ဂါဟန်ဂါရေအောက်မီးတောင်ဟာ တွန်ဂါမြို့တော် နူကူအလိုဖာရဲ့မြောက်ဘက် ၆၅ ကီလိုမီတာမှာရှိပြီး ဂရင်းနစ်စံတော်ချိန် ၀၄၁၀ နာရီမှာ ပေါက်ကွဲခဲ့တာပါ။
မီးတောင်ပေါက်ကွဲမှုဖြစ်ပြီးနောက် ၁ ဒသမ ၂ မီတာမြင့်တဲ့ ဆူနာမီလှိုင်းလုံးတွေ ဖြစ်ခဲ့တယ်လို့ သြစတြေးလျ မိုးလေဝသဌာနက ကြေညာပါတယ်။
အမေရိကန် ဟာဝါရီပြည်နယ် ဟိုနိုလူလူမြို့ရှိ ဆူနာမီသတိပေးစင်တာကလည်း ဝါရှင်တန်ကမ်းခြေ၊ ဆန်ဖရန်စစ္စကို၊ အလက်စကာပြည်နယ်၊ ဟာဝါရီပြည်နယ်တွေနဲ့ ကနေဒါ-ပစိဖိတ်ကမ်းခြေတွေကိုလည်း ဆူနာမီလှိုင်း ရိုက်ခတ်လာနိုင်တယ်လို့ သတိပေး ထားပါတယ်။
ဆူနာမီစောင့်ကြည့်စင်တာတွေက တွန်ဂါနဲ့ အမေရိကန်ဆာမိုရာကျွန်းနေရာတွေကို အဓိကထားပြီး ဆူနာမီလှိုင်းတွေကို စောင့်ကြည့်နေကြပါတယ်။