ဆူဒန်ဝန်ကြီးချုပ်ဟောင်း

November 26, 2020

ဆူဒန်ဝန်ကြီးချုပ်ဟောင်း ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

ဆူဒန်ဝန်ကြီးချုပ်ဟောင်း ဆာဒစ်အယ်မာဒီဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ယူအေအီး နိုင်ငံမှာ ကွယ်လွန်ခဲ့တယ်လို့  မိသားစုကပြောပါတယ်။   ထိပ်တန်းနိုင်ငံရေးသမား မာဒီဟာ ကွယ်လွန်ချိန်မှာ အသက် ၈၄ ရှိပြီ ဖြစ်ပါတယ်။ မာဒီဟာ ဆူဒန်ရဲ့ ဒီမိုကရေစီနည်းလမ်းတကျ တင်မြောက်ခံရတဲ့ နောက်ဆုံး ဝန်ကြီးချုပ် ဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာတော့ စစ်အာဏာသိမ်းမှု နဲ့ ရာထူးက ပြုတ်ကျခဲ့ပါတယ်။   ပြီးခဲ့တဲ့လမှာ မာဒီရဲ့မိသားစုက မာဒီကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ပြောဆိုပြီး ယူအေအီးမှာ  ဆေးကုသမှု ခံယူဖို့  ပို့ဆောင်ခဲ့ပါတယ်။   မာဒီရဲ့အူမာပါတီက   နိုဝင်ဘာ ၂၇ ရက်ကျရင်  ဆူဒန်မြို့တော် အွမ်ဒါမန်မှာ ဝန်ကြီးချုပ်ဟောင်း မာဒီကို မြေမြုပ်သင်္ဂြိုဟ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
5 months Ago
Up